သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

 

နေပြည်တော်   နိုဝင်ဘာ   ၃


သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၃၉)ကို နိုဝင်ဘာ ၅ ရက် ညနေတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။ အဆိုပါ ပွဲစဉ်(၃၉) ၏ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို အစီအစဉ်တင်ဆက်သူ ရဲထိုက်နှင့် မိုးဂျုလိုင်တို့က တင်ဆက်ကြမည်ဖြစ်ပြီး မိသားစုလေးစုဖြင့် သုံးပွဲယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို  နိုဝင်ဘာ (၅၊ ၆ ၊ ၇ )ရက်နေ့များတွင်   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏   ညနေ ၆ နာရီ သတင်းအပြီး၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
            

သတင်းစဉ်