
နေပြည်တော် နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးခဲ့ သည့် Oxygen Plant များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
ဝိုင်းဝန်းကူညီသူများအားလုံး ကျေးဇူးတင်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ကိုဗစ်-၁၉ တတိယလှိုင်း၏ အခက်ခဲ ဆုံးကာလများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ၏ ဦးဆောင်လမ်းညွှန်မှု၊ မိမိတို့ ကျန်းမာရေးဝန်ထမ်း များနှင့် နှီးနွှယ်ဝန်ကြီးဌာနများ ပူးပေါင်းကြိုးစား ဆောင်ရွက်မှု၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ များ၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှု၊ စေတနာရှင် လုပ်သားပြည်သူများ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် လျင်မြန်စွာ ကျော်ဖြတ်နိုင်ခဲ့ပါကြောင်း၊ အဘက် ဘက်မှ ဝိုင်းဝန်းကူညီသူများအားလုံးကို အထူး ကျေးဇူးတင်ပါကြောင်း ပြောကြားပြီး ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နှင့် ထောက်ပံ့ဆောင်ရွက်ပေးခဲ့မှုများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ထောက်ပံ့ပေးခဲ့ သည့် Oxygen Plant များနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ၏ စာရင်းဇယားများ အား ပြည်ထောင်စုဝန်ကြီးထံသို့ လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက Oxygen Plant များနှင့် ကျန်းမာရေးသုံး အထောက် အကူပြုပစ္စည်းများ၏ မှတ်တမ်းဓာတ်ပုံများကို ဆေးရုံအုပ်ကြီးများနှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး များအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့ပြင် တာဝန် ကျေပွန်စွာ ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်း များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ တစ်မြို့နယ်လျှင် ကျပ်ငါးသိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟ က ကျေးဇူးတင်စကား ပြောကြားသည်။
ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ လူနာများ ကုသရာတွင် အထောက်အကူဖြစ်စေရန် အတွက် ငွေကျပ် ၂၄၈၀ ဒသမ ၇၅ သန်း တန်ဖိုးရှိ အောက်ဆီဂျင်ထုတ်လုပ်နိုင်သည့် Oxygen plant ၁၇ ခုအပြင် Liquid Oxygen Tank ၊ Liquid Oxygen တန် ၃၀ သယ်ဆောင်နိုင်မည့် နောက်တွဲယာဉ် တစ်စီး၊ သီးခြားထောက်ပံ့ငွေများနှင့် ဆေးရုံသုံး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ကုသမှုများ အရှိန်အဟုန်မပြတ်ဆောင်ရွက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယင်းနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ ရွှေဝါထွန်းဟိုတယ်၌ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာနမှူး၊ ခရိုင်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း ကို ကျေးလက်ကျန်းမာရေးဌာနအဆင့်အထိ တိုးချဲ့ ကာ ကျေးလက်နေပြည်သူများ ထိုးနှံပေးရေးလုပ်ငန်း လိုအပ်ချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများ အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားရန်၊ နောက်ထပ် ကိုဗစ်လှိုင်း တစ်ခု မဖြစ်ပေါ်လာအောင် ကြိုတင်ပြင်ဆောင်ရွက်ရန် လိုအပ်မှုများ၊ ဆေးရုံအဆင့်အလိုက် အထူးကြပ်မတ် ကုသဌာန (ICU)များ ပြင်ဆင်ထားရှိရန်၊ မိမိတို့ ကျန်းမာရေးအဆောက်အအုံများ ဥပဓိရုပ်ကောင်း အောင် ဆောင်ရွက်ရန်နှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ ကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံကြီး ပဲခူးမြို့သို့ သွားရောက်၍ တည်ဆောက်ဆဲ အောင်သုခ လေးထပ်တိုးချဲ့ဆောင် ကို လှည့်လည်ကြည့်ရှုပြီး ပြည်သူ့ဆေးရုံကြီး ပဲခူးမြို့ အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီးနှင့် အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုများနှင့် တွေ့ဆုံကာ အားပေးစကား ပြောကြားသည်။ ထိုသို့တွေ့ဆုံရာတွင် ဆေးကုသမှုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင် ရွက်နိုင်ရေး၊ လိုအပ်သော ဆေးဝါးပစ္စည်းကိရိယာများ ထောက်ပံ့နိုင်ရေး၊ မိမိတို့ Professionalism နှင့် Ethics ကို လိုက်နာဆောင်ရွက်ရေးနှင့် နိုင်ငံတော်မှ ကျန်းမာရေးဝန်ထမ်းများကို ချီးမြှင့်ငွေများ ထောက်ပံ့ ပေးနေသော အခြေအနေများကို ပြောကြားခဲ့ပြီး တက်ရောက်လာသော အထူးကုဆရာဝန်ကြီးများ နှင့် သူနာပြုဆရာမကြီးများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သားဖွားသင်တန်းကျောင်းသို့ သွားရောက်ကာ သင်တန်းသူများကို တွေ့ဆုံသည်။ အဆိုပါ ပဲခူး သားဖွားသင်တန်းကျောင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်မှ သင်တန်းသူများ တက်ရောက်လျက်ရှိကြောင်း သိရသည်။ ယင်းနောက် ပဲခူး(ကလိ)ရှိ တည်ဆောက်ဆဲ ဆေးရုံကြီး မြေနေရာ တွင် တိုင်းဒေသကြီးအစိုးရက လှူဒါန်းတပ်ဆင်ထားရှိ သည့် Liquid Oxygen Tank ၊ Liquid Oxygen တန် ၃၀ သယ်ဆောင်နိုင်မည့် နောက်တွဲယာဉ်၊ Oxygen Plant တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်