ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာ  ပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ


 

နေပြည်တော် နိုဝင်ဘာ ၁


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊   ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊   ရေကြောင်းနှင့်   နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ချင်းရွှေဟော်နှင့် မြဝတီ ကုန်သွယ်ရေးစခန်းနှစ်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ငါးခုမှ ယာဉ်စီးရေ ခုနစ်စီးဖြင့်   အောက်ဆီဂျင် (အရည်) Bowser  နှစ်စီးဖြင့် တန် ၄၀  ၊ လုပ်ငန်းသုံးအောက်ဆီဂျင်စက် (Oxygen Generator တစ်ခု၊ အောက်ဆီဂျင်အိုးခွံ ၁၄၃၈ ခု၊ PPE ဝတ်စုံ ၆၃၆၀၀ နှင့် နှာခေါင်းစည်း  ၃၂ တန်တို့ကို တင်သွင်းခဲ့ပြီး  အောက်ဆီဂျင် (အရည်) Bowser ယာဉ်နှစ်စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့ နှင့် မော်လမြိုင်မြို့တို့သို့  တစ်စီးစီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ကို သက်ဆိုင်ရာဌာနများနှင့်  ညှိနှိုင်းထားသည့်  SOP  များနှင့်အညီ  ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များ ကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင်   ဝင်ရောက်ကြည့်ရှုနိုင်ရေး    စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။                     
သတင်းစဉ်