
နေပြည်တော် နိုဝင်ဘာ ၁
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် နိုဝင်ဘာ ၁ ရက်၌ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီတစ်ခုမှ Pantin 500Mg ၂၆၅၀၀၊ ရန်ကုန် ဆိပ်ကမ်းများမှ Flowmeter ၁၉၀၀၊ Oxygen Cylinder ၁၄၃၈ ခု၊ Oxygen Generator တစ်ခုနှင့် ဆေးဝါးမျိုးစုံ ၅၁ မျိုး (၁၉၀၈၈၁ ဒသမ ၂၂) Kg၊ နယ်စပ်မြဝတီ၊ ချင်းရွှေဟော်တွင် ကုမ္ပဏီခြောက်ခုမှ Mask ၄၂၈၀၃ Kg၊ Glucose Injection ၂၁၂၁၀၊ Sodium Chloride Injection ၂၈၈၂၁၀၊ Syringe ၂၃၂၈၀၊ Powder For Injection ၈၇၈၀၀၊ Liquid Oxygen ၁၅၃၃၈ m3 တို့ကို ထုတ်ပေးခဲ့သည်။ သတင်းစဉ်