တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

နေပြည်တော်  အောက်တိုဘာ  ၃၁


နိုင်ငံတော်အစိုးရအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း  အခြေခံပညာ ကျောင်းများကို  ခေတ္တပိတ်ထားလျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအတိုင်း အတာတစ်ခုအထိ   ကျဆင်းလာပြီဖြစ်သည့် အတွက်    ကျောင်းသား    ကျောင်းသူများ စာသင်နှစ်တစ်နှစ် နစ်နာမှုမရှိစေရေးအတွက် အခြေခံပညာကျောင်းများအား နိုဝင်ဘာ ၁ ရက် မှစတင်၍    ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ရာ ကျောင်းများဖွင့်ချိန်တွင်     ကျောင်းသား  ကျောင်းသူများ  စိတ်အေးချမ်းသာစွာ  ပညာ သင်ကြားနိုင်ရေးအတွက် တပ်မတော်နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍  ကြိုတင် ပြင်ဆင်မှုများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့၊ တနင်္သာရီတိုင်းဒေသကြီး  ရေဖြူမြို့နယ်နှင့် ကော့သောင်းမြို့နယ်၊  စစ်ကိုင်းတိုင်းဒေသကြီး 


 


ချယ်လ်ဆီး၊  အာဆင်နယ်၊  ဝက်စ်ဟမ်း စတဲ့အသင်းတွေကို ရှုံးနိမ့်ခဲ့တာကြောင့် ရလဒ်ပိုင်းဆိုးရွားမှုတွေ    ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်  မန်ယူအသင်းဟာ  စပါး အသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာ ကြောင့်      အနာဂတ်အခြေအနေနဲ့ စပ်လျဉ်းပြီး မေးခွန်းထုတ်မှုတွေနဲ့အတူ ဖိအားတွေရှိနေခဲ့တဲ့   ဆိုးရှားအတွက် တော့ ဖိအားတွေလျော့ကျသွားခဲ့ပြီ ဖြစ်ပါတယ်။ အခုပွဲစဉ်မှာ မန်ယူအသင်း အတွက် အနိုင်ဂိုးသုံးဂိုးကို ပွဲကစားချိန် ၃၉ မိနစ်မှာ စီရိုနယ်လ်ဒို၊ ၆၄ မိနစ်မှာ ကာဗာနီနဲ့ ၈၆ မိနစ်တို့မှာ ရက်ရှ်ဖို့ဒ် တို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။
စပါးအသင်းကို   အနိုင်ရရှိခဲ့တာ ကြောင့် မန်ယူအသင်းဟာ ရမှတ် ၁၇ မှတ်နဲ့ ပရီမီယာလိဂ်အဆင့် ၅ နေရာမှာ ရပ်တည်ခွင့်ရရှိခဲ့ပြီး  စပါးအသင်းက တော့ ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၈ နေရာ မှာ   ရပ်တည်နေတာ   ဖြစ်ပါတယ်။ မန်ယူအသင်းနဲ့အတူ အောက်တိုဘာ ၃၀ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်တွေမှာ အမှတ်ပေး ဇယားထိပ်ဆုံးက   ချယ်လ်ဆီးအသင်း ဟာ    နယူးကာဆယ်အိမ်ကွင်းမှာ သုံးဂိုးပြတ်    အနိုင်ရရှိခဲ့တာကြောင့် ဇယားထိပ်မှာ   ရမှတ်  ၂၅  မှတ်နဲ့ ဆက်လက်ရပ်တည်ခွင့်ရရှိခဲ့ပါတယ်။


မန်စီးတီးအသင်းကတော့ အိမ်ကွင်း အီတီဟက်ဒ်မှာ     ခရစ္စတယ်ပဲလေ့ အသင်းကို နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ရမှတ် ၂၀ နဲ့ အမှတ်ပေးဇယားအဆင့် ၃ နေရာမှာပဲ ဆက်လက်ရပ်တည်ခွင့်ရရှိ ခဲ့ပါတယ်။ နည်းပြကလော့ရဲ့ လီဗာပူး အသင်းဟာ  ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာ ဦးဆောင်ဂိုးနှစ်ဂိုး သွင်းယူနိုင် ခဲ့ပြီးမှ ချေပဂိုးနှစ်ဂိုး ပြန်လည်ပေးလိုက် ရတာကြောင့် တစ်ဖက်နှစ်ဂိုးစီ သရေ ရလဒ်ထွက်ပေါ်ခဲ့ကာ ပွဲစဉ် ၁၀ အပြီးမှာ ရမှတ် ၂၂  မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ  ရပ်တည်လျက်ရှိနေ တာ ဖြစ်ပါတယ်။            

ငွေကြယ်