ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၃၁


စီးပွားရေးနှင့်    ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန    အနေဖြင့် ကိုဗစ်-၁၉  ရောဂါ    ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို လေကြောင်း၊ ရေကြောင်း နှင့်  နယ်စပ်ကုန်သွယ်ရေးစခန်း များမှ  နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက်   အချိန် နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ  ယနေ့တွင်  ချင်း ရွှေဟော်      ကုန်သွယ်ရေးစခန်းမှ   ကုမ္ပဏီသုံးခုက  ယာဉ်လေးစီးဖြင့် နှာခေါင်းစည်း (Mask) တန်   ၃၀   တင်သွင်းခဲ့ကြောင်း သိရှိရသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်   SOP များနှင့် အညီ  ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့်  ဆေးဝါး နှင့်ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်းအများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါ ကြောင်း သိရှိရသည်။  


သတင်းစဉ်