
နေပြည်တော် အောက်တိုဘာ ၃၁
ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး နှင့် ပြည်သူများ၏ စားသောက်ရေး ကို အထောက်အကူဖြစ်စေရန် အတွက် အောက်တိုဘာ ၃၀ ရက် တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် အဖွဲ့ဝင်များသည် ရခိုင် ပြည်နယ် ရမ်းဗြဲမြို့နယ် ရွာကြီး အုပ်စု ရွေကျေးရွာဟောင်းရှိ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ပျိုးထားရှိသည့် မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်းနှင့် ကျောက်ဖြူ တပ်နယ်ရှိ နယ်မြေခံတပ်ရင်း များတွင် မွေးမြူထားရှိသော ဥစားကြက် မွေးမြူရေးခြံနှင့် နို့စား နွားမွေးမြူရေးခြံတို့ကို သွားရောက် ကြည့်ရှုသည်။
ယင်းနောက် တာဝန်ရှိသူများ နှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ် မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်