နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလ တိုးမြှင့်သတ်မှတ်ခြင်း

 

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ လေကြောင်း ခရီးစဉ်များဖြင့် ခရီးသည်များ ဝင်ရောက်လာမှုကို ကန့်သတ် ထိန်းချုပ်နိုင်ရေးမှာ များစွာအရေးပါသဖြင့်  ကျန်းမာရေးဝန်ကြီး ဌာနက (၂၉-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာ ခရီးသည်တင်   လေကြောင်းခရီးစဉ်များ  (International Commercial Passenger Flights) မြန်မာနိုင်ငံသို့ ပျံသန်း ဆင်းသက်ခြင်းကို  ယာယီကန့်သတ်ခြင်းဆိုင်ရာ  ညွှန်ကြားချက် (Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel) ကို Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel Issue-2 အဖြစ် (၃၁-၁၂-၂၀၂၀) ရက်နေ့တွင် ပြင်ဆင် ထုတ်ပြန်ခဲ့ပြီး သက်ရောက်မှုကာလကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် (၃၁-၁၀-၂၀၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ သတ်မှတ်ခဲ့ပါသည်။  

 


ကိုဗစ်-၁၉ ရောဂါပိုး   ကူးစက်ပျံ့နှံ့မှုကို  ဆက်လက် ထိန်းချုပ်ဆောင်ရွက်ရန်   လိုအပ်ပါသဖြင့်      မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံတကာလေကြောင်း ခရီးသည်များမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါပိုး  ကူးစက်မှုအန္တရာယ်မှ   ဆက်လက်၍    တားဆီး   ကာကွယ်နိုင်ရေးအတွက်  ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်၊  ကုသရေး   ဗဟိုကော်မတီ၏    ခွင့်ပြုချက်ဖြင့် အထက်ပါ    ညွှန်ကြားချက်၏   သက်ရောက်မှုကာလကို  (၃၀-၁၁-၂၀၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီ အထိ  ထပ်မံတိုးမြှင့်  သတ်မှတ်လိုက်ကြောင်း   အသိပေး ထုတ်ပြန်လိုက်သည်။


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန