
နေပြည်တော် အောက်တိုဘာ ၃၁
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံ ပညာကျောင်းများအား ခေတ္တပိတ်ထားလျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အတိုင်း အတာတစ်ခုအထိ ကျဆင်းလာပြီဖြစ် သည့်အတွက် ကျောင်းသား ကျောင်းသူ များ စာသင်နှစ်တစ်နှစ် နစ်နာမှုမရှိ စေရေးအတွက် အခြေခံပညာကျောင်း များအား နိုဝင်ဘာ ၁ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ် ပေးမည်ဖြစ်ရာ ကျောင်းများ ဖွင့်ချိန်တွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် တပ်မ တော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ကြိုတင်ပြင်ဆင်မှုများနှင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်နှင့် ကော့သောင်း မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နှင့် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်များအတွင်းရှိ အခြေခံ ပညာကျောင်းများ၏ သန့်ရှင်းသာယာလှပရေးအတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာဝန်ထမ်းများက ကျောင်းဝင်းများအတွင်း၊ အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီး ရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းနှင့် ခြင်ခိုအောင်းနိုင်သော နေရာများ၌ ခြင်ဆေး ဖျန်းခြင်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်