
နေပြည်တော် အောက်တိုဘာ ၃၀
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၉ ရက် ညနေ ၃ နာရီ ၄၅ မိနစ်တွင် မြစ်ကြီးနား မြို့နယ် မလိခကျေးရွာအုပ်စု နန်းခမ်းကျေးရွာရှိ (၂၁)မိုင် ပူးပေါင်းစစ်ဆေးရေးစခန်း အနီး တွင် စိန်လင်း(ခ)စိန်စိန် မောင်းနှင် ပြီး မနွယ်လင်းအောင်(ခ) ဝိုင်းချစ် လိုက်ပါလာသည့် ဆိုင်ကယ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိန်လင်း(ခ)စိန်စိန် ကိုင်ဆောင် ထားသည့် ပလတ်စတစ်အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ သိမ်းဆည်းရမိသည်။
ယင်းနေ့ နံနက် ၈ နာရီခွဲ တွင် ကော့သောင်းမြို့မရဲစခန်း မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကော့သောင်း မြို့ အေးရိပ်ငြိမ်ရပ်ကွက် ဦးအောင် ဇေယျ(၃)လမ်းရှိ (၆)ခန်းတွဲ တန်းလျား၊ အခန်းအမှတ်(၆)နေ အောင်ဇော် (ခ) စန်းဒါလင်း၏ အခန်းသို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၂ ပြားကို လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့ အမှတ်(၃)ရပ်ကွက် နေ မနိုင်းလိတ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၈၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် ပုသိမ် မြို့နယ် သစ်ပုတ်ကုန်းကျေးရွာ အုပ်စု ရွာသစ်ကုန်းကျေးရွာ အနီး ရှိ ပုသိမ်-ငွေဆောင်သွားကားလမ်း တွင် ဇော်မျိုးလွင်(ခ)ကောက်ညှင်း ထုပ် မောင်းနှင်ပြီး ကျော်သူဝင်း(ခ) ဝကြီး လိုက်ပါလာသည့် ဆိုင်ကယ် နှင့် သန်းထိုက်အောင်(ခ)ဂျာလေး (ခ)မဲကြီး မောင်းနှင်ပြီး စိုးမင်း ထွေး(ခ)အငယ်ကောင် လိုက်ပါ လာသည့် ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ကျော်သူဝင်း (ခ) ဝကြီး ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၁၁ ပြားကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား