မောင်တောမြို့၌ ကျောင်းသား ကျောင်းသူ ၅၂၀၀ ကျော်အား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီး

 

မောင်တော  အောက်တိုဘာ ၃၀


ရခိုင်ပြည်နယ် မောင်တောမြို့နယ် ၌   အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ ၅၂၁၅ ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ   ထိုးပေးပြီးဖြစ် ကာ ကျန်ရှိသော ကျောင်းသား ကျောင်းသူများကိုလည်း  အခြေခံ ပညာကျောင်းများရှိ   သတ်မှတ် စုရပ် နေရာများတွင် အောက်တို ဘာ ၂၉ ရက်က ဆက်လက် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

 


မောင်တော      မြို့နယ်တွင် အခြေခံပညာကျောင်းများရှိ စုရပ် ၅၃ နေရာ၌    ကာကွယ်ဆေးထိုးနှံ ပေးရမည့်  အသက်  ၁၂   နှစ်နှင့် အထက်        ကျောင်းသား ကျောင်းသူ     ၇၂၉၇    ဦးရှိပြီး အောက်တိုဘာ   ၁၇  ရက်မှစ၍ ကာကွယ်ဆေးများ ထိုးပေးခဲ့ရာ တွင် ၂၉ ရက်အထိ  စုစုပေါင်း  ၅၂၁၅ ဦးအား ထိုးနှံပြီးစီးခြင်းဖြစ် သည်။

 


ကာကွယ်ဆေး   ထိုးနှံခြင်း မပြုမီ  ပညာရေးဝန်ထမ်းများက စာရင်းများမှတ်ယူခြင်း၊    မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံ      ဦးဆောင်သော ကျန်းမာရေး          ဝန်ထမ်းများက လာရောက်ထိုးနှံသည့်   အခြေခံ ပညာကျောင်းများရှိ  အသက် ၁၂ နှစ်နှင့်အထက်   ကျောင်းသား ကျောင်းသူများအား    နှာခေါင်း စည်းများ ဖြန့်ဝေပေးခြင်း၊ ကိုယ် ပူချိန်တိုင်းတာခြင်း၊    သွေးပေါင် ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာ ရေးစစ်ဆေးခြင်းများကို ဆောင် ရွက်ပေးပြီး    ပုံမှန်အခြေအနေရှိ မှသာ   စနစ်တကျ  ကာကွယ်ဆေး ထိုးနှံပေးခြင်း            ဖြစ်ကြောင်း၊  ကာကွယ်ဆေး          ထိုးနှံနေမှုတွင် ဌာနဆိုင်ရာများ၊     ကျောင်းအုပ် ဆရာ   ဆရာမကြီးများ၊   ဆရာ  ဆရာမများ၊  ရပ်ကွက်၊  ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိ သူများကလည်း ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။ 


ခရိုင် (ပြန်/ဆက်)