
ကျောင်းကုန်း အောက်တိုဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင် ကျောင်းကုန်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း၌ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူ များအား ယနေ့ နံနက် ၈ နာရီတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOVAC (ပထမအကြိမ်)ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အတွင်းရေးမှူး ရဲမှူး ဝင်းရွှေ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင် မောင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်တို့ ကြည့်ရှု အားပေးပြီး စာရင်းသွင်းခြင်း၊ အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန် ခြင်း၊ ကာကွယ်ဆေးထိုးခြင်း တို့တွင် အဆင်ပြေချောမွေ့စေရေး မှာကြားသည်။
ယနေ့တွင် အမှတ်(၁)အခြေခံ ပညာ အထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း၊ မိုးပြာအရှေ့ အခြေခံပညာ အထက်တန်း ကျောင်း (ခွဲ)၊အောက်ပိုင်း အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)၊တလုပ်ကုန်း အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၊ မူလွန် စစ်ကိုင်းဒေါင့်နှင့် မူလွန်
ပဲခူးစုကျောင်းများမှ ဆေးထိုးရန် ကျန်ရှိနေသော ကျောင်းသား ကျောင်းသူများကို ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
ဝင်းကြိုင်(ပြန်/ဆက်)