
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) လက်အောက်ရှိ ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင် နှစ်ပင်) သည် ရန်ကုန်မြို့တွင်းမြို့နယ်များသို့ နေ့စဉ်ရေပေးဝေလျက် ရှိရာ ဒုတိယအဆင့် ရေတွန်းစက်ရုံဝင်းအတွင်း 64"ø MS Pipe နှင့် 1600 mm ø HDPE Pipe အဆက်နေရာတွင် ရေစိမ့်ထွက်မှုအား ပြုပြင်ရန် (၂-၁၁-၂၀၂၁ ) ရက်နေ့ နံနက် ၁၀ နာရီမှ (၃-၁၁-၂၀၂၁) ရက်နေ့ ညနေ ၄ နာရီအထိ ခန့်မှန်းကြာချိန် ၃၀ နာရီခန့် ပြုပြင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အဆိုပါရေသန့်စင်စက်ရုံမှ ရေပေးဝေလျက်ရှိသော မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ဒေါပုံမြို့နယ်၊ တာမွေ (မေတ္တာညွန့်ရပ်ကွက်)မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်များရှိ ရပ်ကွက်များတွင် ရေအားလျော့နည်း ခြင်းနှင့် ခေတ္တရေပြတ်တောက်ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ရေကြိုတင် စုဆောင်းနိုင်ကြပါရန် ကြိုတင်အသိပေးကြေညာအပ်ပါသည်။
အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ