
တောင်ကြီး အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်း အဝေး အမှတ်စဉ် (၅/၂၀၂၁)နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၁)ကို အောက်တိုဘာ ၂၉ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့ ရှမ်း ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တောင်သူများ နစ်နာမှုမရှိရေး
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှု ကိစ္စရပ်များနှင့် ပတ်သက်၍ အမှန်တကယ်စိုက်ပျိုး လုပ်ကိုင်နေသော မူလပိုင်ရှင်တောင်သူများအား နစ်နာမှုမရှိစေရေး ဘက်မလိုက်ဘဲ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်က မှန်မှန်ကန်ကန် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းပေးနိုင်ရေး အတွက် ရပ်၊ ကျေးအုပ်စုနှင့် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များတွင် တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ ဒေသခံရပ်မိရပ်ဖများကိုလည်း ပိုမိုတိုးချဲ့ထည့်သွင်း ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူလူထု၏ လူနေမှု ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် စာသင် ကျောင်း၊ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ ကျေးလက်ဈေး၊ သုသာန်၊ သာသနာ့ မြေနှင့် အခြားလိုအပ်သော အဆောက်အအုံများ အတွက် လယ်ယာမြေကို အသုံးပြုရန်ကိစ္စနှင့်စပ်လျဉ်း ၍ ပြည်နယ်လယ်ယာစီမံခန့်ခွဲမှုအဖွဲ့မှ ခွင့်ပြုနိုင်သည့် ကိစ္စရပ်များအား စိစစ်ထောက်ခံတင်ပြခြင်းများကိုလည်း အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ဆန်စပါး စားနပ်ရိက္ခာဖူလုံမှုကာကွယ်စေရန် အတွက် လယ်မြေအခြားနည်းအသုံးပြုခြင်းကို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်က အထူး တားမြစ်ကြပ်မတ်ရန် လိုအပ်ကြောင်းနှင့် လယ်ယာ မြေပေါ်တွင် အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်မရရှိ ဘဲ ကျူးကျော်ဆောက်လုပ်နေထိုင်မှုများနှင့် ပတ်သက် ၍ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှ ကျူးကျော် နေထိုင်မှုများမရှိစေရေး တားမြစ်ခြင်း၊ အထူး ကြပ်မတ်ခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များစွာ ကျန်ရှိနေသေးသည့်အတွက် ကိုက်ညီသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အမြန်ဆုံး တိုးတက်စေရန် ဒေသခံပြည်သူများ၊ လုပ်ငန်းရှင်များ လာရောက်လျှောက်ထားရန် အဖွဲ့ဝင်များက တိုက်တွန်း ပြောကြားပေးရန် မှာကြားလိုကြောင်း ပြောကြား သည်။
အတည်ပြုခြင်း၊ ဆုံးဖြတ်ခြင်း ဆောင်ရွက်
ဆက်လက်၍ လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်း အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၁) ဆုံးဖြတ် ချက်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၁) ဆုံးဖြတ်ချက်များ၊ ပြည်နယ်စီမံလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၁) တင်ပြချက်များ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၁) တင်ပြချက်များအား ရှမ်းပြည် နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဝင်းက ဖတ်ကြားကာ အစည်းအဝေးအတည် ပြုခြင်း၊ ဆုံးဖြတ်ခြင်းဆောင်ရွက်၍ အထွေထွေ ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်စကားပြောကြားကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)