အသစ်ခန့်အပ်မည့် ဆရာ ဆရာမများကို အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်းများ နိုဝင်ဘာ ၈ ရက်မှစ၍ ဖွင့်လှစ်မည်

 

 ကျောင်းများပြန်လည်ဖွင့်လှစ်ရေးနှင့် ကလေးများကို အမှန်တကယ် စာတတ်မြောက်အောင်သင်ကြားပေးရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

နေပြည်တော် အောက်တိုဘာ  ၂၉


ပညာရေးဝန်ကြီးဌာန တက္ကသိုလ် ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးတွင် အသစ်ခန့်အပ်မည့် နည်းပြ၊  သရုပ်ပြအသစ်များကို  အရည်အသွေး မြှင့်တင်ရေး မွမ်းမံသင်တန်းများ  ဖွင့်လှစ်ရေး  အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) ရှိ အစည်းအဝေးခန်းမ၌  ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များ      တက်ရောက်ကြသည်။

 


အစည်းအဝေးတွင်     ပြည် ထောင်စုဝန်ကြီး    ဒေါက်တာ ညွန့်ဖေက အောက်တိုဘာ   ၂၅ ရက်က ကျင်းပသော ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ် စဉ် (၂/၂၀၂၁)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က   နိုင်ငံတော်တည်ဆောက်ရာ တွင်    လူ့စွမ်းအားအရင်းအမြစ် သည် အရေးကြီးကြောင်း၊ ပညာ ရေးဝန်ကြီးဌာနအနေဖြင့် အရည် အသွေးပြည့်ဝသည့်   ပညာရေး ဝန်ထမ်းများကို   လေ့ကျင့်   မွေး ထုတ်သွားရန်   လိုအပ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါကြောင်း၊ သို့ဖြစ်ရာ ပညာရေးဝန်ကြီးဌာန က တက္ကသိုလ်နည်းပြ၊ သရုပ်ပြ အသစ်များကို မကြာမီခန့်ထားပြီး တာဝန်ကျရာ   တက္ကသိုလ်ဒီဂရီ ကောလိပ်၊    ကောလိပ်အသီးသီး တွင်  နိုဝင်ဘာ ၈ ရက်မှစတင်၍ ဆရာ  ဆရာမ အရည်အသွေးမြှင့် တင်ရေး       မွမ်းမံသင်တန်းကို ကျန်းမာရေးဝန်ကြီးဌာနက ချမှတ် ထားသော ကိုဗစ်- ၁၉  စည်းမျဉ်း စည်းကမ်းများနှင့်အညီ  တစ်လ ကြာ ဖွင့်လှစ်ရန်စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်း၊ အဆိုပါသင်တန်း များတွင် နံနက်ပိုင်း၌ ပါမောက္ခ ချုပ်၊ ဒုတိယပါမောက္ခချုပ်၊   စီမံ ဘဏ္ဍာဌာနမှူးများက     နိုင်ငံ့ ဝန်ထမ်းဥပဒေ၊      နည်းဥပဒေ၊ ဝန်ထမ်း    စည်းမျဉ်းစည်းကမ်း များကို         ပို့ချပေးမည်ဖြစ်ပါ ကြောင်း။

 


 ရန်ကုန်ပညာရေးတက္ကသိုလ် နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ် တို့က ပြုစုရေးသား၍ သက်ဆိုင်ရာ တက္ကသိုလ်များသို့ ဖြန့်ဝေထားပြီး ဖြစ်သော     သင်ပြနည်းပညာ ဘာသာရပ်၊   ပညာရေးသဘော တရားနှင့် စီမံခန့်ခွဲမှုပညာဘာသာ ရပ်နှင့်           ပညာရေးစိတ်ပညာ ဘာသာရပ်တို့ကို       ပညာရေး တက္ကသိုလ်များ၏       နည်းပြ သင်တန်း တက်ရောက်ထားသော ဝါရင့်ပါမောက္ခ၊ တွဲဖက်ပါမောက္ခ များက  လူကိုယ်တိုင်  သင်ကြား ပေးမည်ဖြစ်သကဲ့သို့   ပညာရေး  တက္ကသိုလ်မှ ဆရာမများကလည်း အွန်လိုင်းမှ ဖြည့်ဆည်းသင်ကြားမည်ဖြစ်ပါကြောင်း၊   မွန်းလွဲပိုင်း တွင်      သက်ဆိုင်ရာဘာသာရပ် ဌာနအသီးသီး၌  ပါမောက္ခများ၊ ဝါရင့်တွဲဖက်     ပါမောက္ခများက ဘာသာရပ်ဆိုင်ရာ         မွမ်းမံ သင်တန်းများ   ပို့ချမည်ဖြစ်ပါ ကြောင်း၊ သင်တန်းတက်ရောက်မှု အခြေအနေကို ပါမောက္ခချုပ်များ က  ကြီးကြပ်ကာ   သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့နှင့်    ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်  အကဲဖြတ်ရေး အဖွဲ့တို့သို့ အပတ်စဉ် သတင်းပို့စေ လိုပါကြောင်း၊                ပညာရေး တက္ကသိုလ်များက လေ့ကျင့်ပို့ချ ပေးသော      သင်ပြနည်းဆိုင်ရာ နည်းပြသင်တန်းများသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ   နည်း ပညာ တက္ကသိုလ်များနှင့် ကွန်ပျူ တာတက္ကသိုလ်များတွင်   အသစ် ခန့်အပ်ထားသော ဆရာ ဆရာမ များလည်း  တက်ရောက်ကြမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ သည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည် နှင့်အညီ             မည်သည့်အစိုးရ တက်တက်          စာသင်ကြားရေး တာဝန်များကို ကျေပွန်စွာထမ်း ဆောင်ကြရမည်   ဖြစ်ပါကြောင်း၊  နိုဝင်ဘာလမှစတင်ကာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်း များ  ဆောင်ရွက်ရာတွင်လည်း ကျန်းမာရေး   ဝန်ထမ်းများနှင့် စနစ်တကျ  ပူးပေါင်းလုပ်ဆောင် ကြရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်   ရပ်တန့် နေခဲ့သည့်    ပညာရေးကဏ္ဍကို ပြန်လည်  အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်   အားလုံး တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်    တိုက်တွန်း မှာကြားသည်။ ထို့နောက် ဒုတိယ ဝန်ကြီး    ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုးဝင်းနှင့်             အဆင့်မြင့်ပညာ ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ            သိန်းဝင်းတို့က ဆွေးနွေး ပြောကြားကြသည်။

 


ဆက်လက်၍   နံနက်    ၁၁  နာရီတွင် မကြာမီအသစ်ခန့်အပ် မည့် အခြေခံပညာ  ဆရာ   ဆရာမ များကို အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်း          ဖွင့်လှစ်ရေး၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးနှင့်စပ်လျဉ်းသည့် အစည်းအဝေး ကို   ကျင်းပရာ   ပြည်ထောင်စု ဝန်ကြီး၊    ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊           ပညာရေး တက္ကသိုလ်   ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်း အုပ်ကြီးများ၊ ပြည်နယ်နှင့် တိုင်း ဒေသကြီး       ပညာရေးမှူးများ တက်ရောက်ကြသည်။

 


ပြည်ထောင်စုဝန်ကြီး      က မကြာမီ            အသစ်ခန့်အပ်မည့် အခြေခံပညာဆရာ ဆရာမများ သည် နိုဝင်ဘာ ၈ ရက်မှ စတင်ကာ ရန်ကုန်ပညာရေး  တက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်     ၂၅ ကျောင်းတွင်  ဆရာ  ဆရာမ အရည်အသွေးမြှင့်တင်ရေး  မွမ်းမံ သင်တန်းများ တက်ရောက်ရမည် ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်း ဒေသကြီး၊ ခရိုင်ပညာရေးမှူးများ က ဝန်ထမ်းစည်းမျဉ်း စည်းကမ်း များကို    ရှင်းလင်းဆွေးနွေးမည် ဖြစ်ကာ  ပညာရေးတက္ကသိုလ်များ နှင့် ပညာရေးဒီဂရီကောလိပ်များမှ ဆရာကြီး      ဆရာမကြီးများက သင်ပြနည်းပညာ ဘာသာရပ်နှင့် သက်ဆိုင်ရာ မူလတန်း၊ အလယ် တန်း၊ အထက်တန်း ဘာသာရပ် များကို    ကိုယ်တိုင်လေ့ကျင့်ပို့ချ ပေးရန်    စီစဉ်ထားပါကြောင်း၊ အသက်   ၁၂  နှစ်       အထက်  ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံရေး၊ စာသင် ကျောင်းများ  ပိုးသတ်ဆေးဖျန်း ရေး၊    ကျောင်းဥပဓိရုပ်ကောင်း မွန်ရေး၊     စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ၊              ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးနှင့် ကလေး များကို အမှန်တကယ်  စာတတ် မြောက်အောင် သင်ကြားပေးရေး ကိစ္စရပ်များကို       ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် မှာကြားသည်။ 

 


ထို့နောက်    ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များက ကဏ္ဍ  အလိုက်     ဆွေးနွေးပြောကြား ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်