ချင်းပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ၎င်းတို့၏ နေရပ်အသီးသီးသို့ ဆက်လက်ကူညီပို့ဆောင်

 

နေပြည်တော် အောက်တိုဘာ ၂၉


ချင်းပြည်နယ်     ပလက်ဝမြို့၌ ယာယီနေထိုင်လျက်ရှိသည့် တိုက် ပွဲရှောင်ပြည်သူများအား   ၎င်းတို့ ၏  နေရပ်ဖြစ်သော ကျေးရွာများ၌ ပြန်လည်နေထိုင်နိုင်ရန်   လိုအပ် သည်များ     ဆောင်ရွက်ပေးပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက အောက်တိုဘာ ၂၆ ရက်မှစတင်၍ ပြန်လည် ပို့ဆောင်ပေးလျက်ရှိရာ နေရပ်ပြန်ရန်   ကျန်ရှိနေသော အောက်သဲမဝကျေးရွာနှင့်ဘောင်ဝ ကျေးရွာတို့မှ  တိုက်ပွဲရှောင်ပြည် သူများအား ယနေ့တွင် စက်လှေ များ၊   မော်တော်ယာဉ်များဖြင့် ဆက်လက် ပို့ဆောင်ပေးသည်။ 

 


တိုက်ပွဲရှောင်ပြည်သူများ၏ နေရပ်ဖြစ်သော   ကျေးရွာများ၌ မိုင်းရှင်းလင်းရေး   လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ နေအိမ်များပြန်လည်ပြုပြင်ပေးခြင်းနှင့် လုပ် ကိုင် စားသောက်ရန်လိုအပ်ချက် များ ပြန်လည်ဖြည့်ဆည်းပေးခြင်း တို့ကို   ပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော်မှ ဖြည့်ဆည်းဆောင် ရွက်ပေးပြီး   အောက်တိုဘာ ၂၆ ရက်တွင် ချင်းပြည်နယ် ပလက်ဝ မြို့နယ်    တမန်းသားကျေးရွာ၊ ပလပ်ချောင်းဝကျေးရွာနှင့် အန်ခိုး ဝကျေးရွာတို့ရှိ   တိုက်ပွဲရှောင် ပြည်သူများအား    လည်းကောင်း၊   အောက်တိုဘာ ၂၇ ရက်တွင် ဆီဖလောင်းကျေးရွာနှင့် အောင်မီး လက်ဝကျေးရွာတို့မှ တိုက်ပွဲရှောင်   ပြည်သူများအား လည်းကောင်း၊ အောက်တိုဘာ ၂၈ ရက်တွင်   စိမ့်စမ်းဝကျေးရွာနှင့် ငဗွီကျေးရွာ တို့မှတိုက်ပွဲရှောင်ပြည်သူများအား လည်းကောင်း တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ၎င်းတို့၏နေရပ်အသီးသီးသို့ ကူညီ ပို့ဆောင်ပေးခဲ့ပြီး   ဖြစ်ကြောင်း သတင်းရရှိသည်။    

 သတင်းစဉ်