
မိုင်းဆတ် အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ် ခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ် များ၏ အောက်ဆီဂျင် လိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ မတည်ထောက်ပံ့မှုနှင့် အလှူရှင် များပါဝင်မှုဖြင့် မိုင်းဆတ်မြို့၌ ဝယ်ယူထားသည့် အောက်ဆီဂျင် ထုတ်စက်ကို ယမန်နေ့က စတင် စမ်းသပ်လည်ပတ်သည်။
ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့သည့် ငွေကျပ်သိန်း ၅၅၀ နှင့် အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် ဝယ်ယူ ထားသည့် အမေရိကန်ဒေါ်လာ ၆၀၀၀၀ တန်ဖိုးရှိ အောက်ဆီဂျင် ထုတ်စက်ကို မိုင်းဆတ်မြို့နယ် ပြည်သူ့ဆေးရုံဝင်း အတွင်းထား ရှိပြီး စတင်စမ်းသပ်လည်ပတ်ခဲ့ရာ တစ်နာရီလျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ငါးလုံး ဖြည့်သွင်းနိုင်ခဲ့ကြောင်း၊ တစ်ရက် လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင် အိုး အလုံး ၁၀၀ ခန့် ထုတ်လုပ် ပေးနိုင်မည်ဖြစ်ကြောင်း၊ ယခင်က အောက်ဆီဂျင် လိုအပ်ချက်ရှိပါက တာချီလိတ်မြို့သို့ ပေးပို့၍ ဖြည့်သွင်းခဲ့ရပြီး ယခုအခါ ထိုအခက်အခဲများကို ဖြေရှင်း နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အောက်ဆီဂျင် ထုတ်စက်ကို ရေရှည်အသုံးပြုနိုင်ရေး၊ ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်း များကျွမ်းကျင်စွာ ဆောင်ရွက်နိုင် ရေးအတွက် တာဝန်ယူဆောင်ရွက် မည့်သူများအား ကျွမ်းကျင်ပညာ ရှင်များက စာတွေ့လက်တွေ့ သင်ကြားပေး လျက်ရှိကြောင်းလည်း သိရသည်။
မြင့်မောင် (မိုင်းဆတ်)