
နေပြည်တော် အောက်တိုဘာ ၂၈
ဝါစိုက်ပျိုးထွက်ရှိမှု၊ ပြည်တွင်း သုံးစွဲမှုနှင့် ပြည်ပသို့ တင်ပို့မှု ဆိုင်ရာကိစ္စနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ဝါသီးနှံ ကဏ္ဍ ဖွံ့ဖြိုးစေရေးအတွက် ပူးပေါင်းဆောင်ရွက်လျက် ရှိပါ ကြောင်း၊ ယခင်ကာလများတွင် ပြည်ပတင်ပို့ခွင့်မပြုခဲ့ဘဲ ၂၀၁၄ ခုနှစ်မှသာ ပြည်တွင်းဈေးနှုန်း ကျဆင်းလာ၍ ဝါစိုက်ပျိုး တောင်သူများ နစ်နာမှုမရှိစေရန် အတွက် ဝါနှင့်ဝါထွက် ပစ္စည်းများ ကို ပြည်ပတင်ပို့ခွင့်ပြုခဲ့ပါ ကြောင်း၊ မိမိတို့နိုင်ငံမှ ပြည်တွင်း မှ ထွက်ရှိသည့် ဝါကုန်ကြမ်းများ ကို ပြည်ပသို့ တင်ပို့ပြီး ပြည်ပမှ ကုန်ချောပစ္စည်းအထည်များကို ပြန်လည်တင်သွင်းနေရ၍ နိုင်ငံ ခြားငွေ ကုန်ကျသည့်အပြင် ပြည်တွင်းတွင် အဆင့်မီသည့် ကုန်ချော ထုတ်လုပ်နိုင်ပါက စိုက်ပျိုးတောင်သူ၊ ကုန်သည်ပွဲစား၊ စက်ရုံ၊ အလုပ်ရုံများအားလုံး အဆင်ပြေမည် ဖြစ်ပါကြောင်း၊ ပြည်တွင်းသုံးစွဲမှုမှ ပိုလျှံသည် များကို ပြည်ပတင်ပို့နိုင်ရန် အတွက်လည်း ဆောင်ရွက်ပေး ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်တွင်းတွင် အမှန်စိုက်ပျိုးနိုင် သည့် ဧက၊ ခန့်မှန်းအထွက်နှုန်း၊ ပြည်တွင်းသုံးစွဲမည့် ခန့်မှန်း အရေအတွက်၊ ပိုလျှံသည့် အရေ အတွက်၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းတို့ကို သက်ဆိုင်ရာဌာန များအလိုက် ညှိနှိုင်းတွက်ချက်ပြီး ဆောင်ရွက်သွားရန် ဖြစ်ပါ ကြောင်း၊ ယခုပြုလုပ်သည့် အစည်းအဝေးသည် ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပထမဆုံး ပြုလုပ်သည့် အစည်းအဝေးဖြစ် ပြီး နောင်ကာလများတွင်လည်း သက်ဆိုင်သည့် ဌာနဆိုင်ရာများ အပြင် စိုက်ပျိုးထုတ်လုပ်သူ၊ ရောင်းဝယ်သူ၊ ပြည်ပတင်ပို့သူ များနှင့်ပါ ညှိနှိုင်းဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာ သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ က ဌာနအလိုက် ဆောင်ရွက်ချက် များ၊ ဆက်လက်ဆောင်ရွက်သွား မည့် အစီအစဉ်များ၊ စိုက်ပျိုးသူ၊ ရောင်းဝယ်သူ၊ ပြည်ပတင်ပို့သူ အားလုံး နစ်နာမှုမရှိစေရေး အတွက် ဆောင်ရွက်သင့်သည့် အစီအစဉ်များကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်