
ကွာလာလမ်ပူ အောက်တိုဘာ ၂၅
မလေးရှားနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၆၆၆ ဦးရှိခြင်းကြောင့် ကူးစက်ခံရသူစုစုပေါင်း ၂၄၃၁၇၁၆ ဦးရှိလာကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၆၆၆ ဦးအနက် ၅၆၄၆ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်း နှင့် ၁၂ ဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအနက်မှ ကူးစက် ခံရသူများဖြစ်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် မှတစ်ဆင့် ထုတ်ပြန်သည့်အချက်အလက်များက ဖော်ပြထားသည်။
ထို့ပြင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄၆ ဦး ထပ်တိုးလာသဖြင့် သေဆုံးသူစုစုပေါင်း ၂၈၄၀၀ ရှိလာကြောင်း သိရ သည်။ အလားတူ မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာ လာသူ ၆၉၇၈ ဦးရှိခြင်းကြောင့် ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၂၃၂၇၃၆၉ ဦး ရှိလာကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာစုစုပေါင်း ၇၅၉၄၇ ဦးရှိကြောင်း၊ ယင်းတို့အနက် ၆၀၃ ဦးသည် အထူးကြပ်မတ် ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းနှင့် ၃၀၀ သည် အသက်ရှူအထောက်အကူပြုကိရိယာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၇၇ ဒသမ ၇ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီး ဖြစ်ကြောင်းနှင့် ၇၂ ဒသမ ၈ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး နှစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ ဘာသာပြန်-အလင်းသစ်