ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်သူပေါင်း  ၂၇၆၁၃၀၇ ဦးအထိရှိလာ

 

 

မနီလာ အောက်တိုဘာ ၂၅  


ဖိလစ်ပိုင်နိုင်ငံ၌  အောက်တိုဘာ ၂၅ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက် သူ ၄၄၀၅ ဦးတိုးလာပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၂၇၆၁၃၀၇ ဦးအထိ ရှိလာခဲ့ကြောင်း ဖိလစ်ပိုင်ကျန်းမာရေး ဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် ၁၄၉  ဦးထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်းကိုဗစ်-၁၉ သေဆုံးသူပေါင်း ၄၁၉၄၂  ဦးအထိရှိလာခဲ့သည်။ 
ဓာတ်ခွဲခန်းငါးခန်းမှ သတင်းအချက်အလက်များပေးပို့ရန် ပျက်ကွက်ခဲ့ သည်။ 
နိုင်ငံအတွင်း   ကိုဗစ်-၁၉  ကူးစက်မှုနှုန်းကျဆင်းစေရန်  ကျန်းမာ ရေးဝန်ကြီးဌာနအကြီးအကဲ မာရီယာရိုဆာရီယိုဗာဂျရီက လူမှုဝေးကွာ နေထိုင်မှုများကို လိုက်နာကျင့်သုံးရန်နှင့် ကောင်းမွန်သောကျန်းမာရေး ဂရုစိုက်နေထိုင်မှုများရှိရန်၊ လူထူထပ်သောနေရာများကို သွားလာခြင်း မှ ရှောင်ကြဉ်ရန် အရေးကြီးကြောင်း ပြောကြားထားသည်။  နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှုသည်   စက်တင်ဘာ ၁၁ ရက်က ၂၆၃၀၃ ဦးဖြင့် အမြင့်ဆုံးဖြစ်ခဲ့သည်။
တတိယလှိုင်းကူးစက်ဖြစ်ပွားမှုသည် စက်တင်ဘာလတွင်အမြင့်ဆုံးဖြစ်ခဲ့သည်။  ဖိလစ်ပိုင် နိုင်ငံတွင်   လူဦးရေသန်း ၁၁၀ ရှိသည့်အနက်  ကိုဗစ်-၁၉ စမ်းသပ် စစ်ဆေးပြီးသူပေါင်း သန်း ၂၁ သန်း ကျော်လွန် ရောက်ရှိလာပြီဖြစ်သည်။
ဆင်ဟွာ