
အဒစ္စအဘာဘာ အောက်တိုဘာ ၂၅
အာဖရိကတွင် အောက်တိုဘာ ၂၅ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ပေါင်း ၈၄၆၇၆၃၅ ဦး ရှိလာခဲ့ကြောင်း အာဖရိက ရောဂါထိန်းချုပ် ရေးနှင့် ကာကွယ်ရေးဌာန (အာဖရိကစီဒီစီ)က ပြောသည်။
စီဒီစီက ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးသူပေါင်းမှာ ၂၁၆၉၈၀ ရှိလာပြီဖြစ်ကြောင်းနှင့် ၇၈၅၇၃၈၄ ဦးမှာ ကိုဗစ်-၁၉ ကင်းစင်သွားပြီ ဖြစ်ကြောင်း သိရသည်။
တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှားနှင့် အီသီယိုပီးယားနိုင်ငံတို့ သည် ကိုဗစ်-၁၉ ကူးစက်မှုအများဆုံး နိုင်ငံများဖြစ်ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ပြောသည်။
တောင်အာဖရိကသည် ကိုဗစ်-၁၉ ကူးစက်မှုအများဆုံးဖြစ်ပြီး အာဖရိက မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့သည် ဒုတိယကူးစက်ဖြစ်ပွားမှုအများဆုံးဖြစ်သည်။ အာဖရိကအလယ်ပိုင်းသည် ကိုဗစ်-၁၉ ကူးစက် မှုအနည်းဆုံးဖြစ်ကြောင်း စီဒီစီ၏ ထုတ်ပြန်ချက်အရ သိရ သည်။
ဆင်ဟွာ