အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉  ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူပေါင်း  ၆၈ ဒသမ ၂၆ သန်းအထိရှိလာ


 

 

ဂျကာတာ အောက်တိုဘာ ၂၅ 


အင်ဒိုနီးရှားနိုင်ငံ၌    အောက်တို ဘာ ၂၅ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်သူ တစ်နေ့တည်း  ၄၆၀ တိုးလာမှုနှင့်အတူ   နိုင်ငံအတွင်း ကိုဗစ်-၁၉   ကူးစက်သူပေါင်း ၄၂၄၀၄၇၉ ဦးအထိ  ရှိလာခဲ့သည်။ 
ထို့အတူ ကိုဗစ်-၁၉ ကြောင့် လူ  ၃၀    ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း  ကိုဗစ်-၁၉ သေဆုံးသူ ၁၄၃၂၃၅ ဦး အထိရှိလာခဲ့ကြောင်း ကျန်းမာရေး    ဝန်ကြီးဌာနက ဖော်ပြသည်။ 
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်မှုမှ    ပြန်လည် ကောင်းမွန်လာပြီး      ဆေးရုံမှ ဆင်းလာသူ ၁၂၃၆  ဦးရှိလာသော ကြောင့်   စုစုပေါင်း  ကိုဗစ်-၁၉ ကူးစက်မှုမှ ပြန်လည်ကောင်းမွန် လာသူ ၄၀၈၃၆၉၀ အထိ ရှိလာ သည်။ 
သက်ဆိုင်ရာ  အာဏာပိုင်များ က တရုတ်ကိုဗစ်-၁၉ ကာကွယ် ဆေးဖြစ်သည့်  ဆီနိုဗက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်  ပေးလိုက်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံတွင်  အစုလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုကို ဇန်နဝါရီ ၁၃ ရက်က စတင်ခဲ့သည်။ 
ယနေ့အချိန်အထိ   လူပေါင်း အနည်းဆုံး ၆၈ ဒသမ ၂၆ သန်း ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်း   သိရကာ ကိုဗစ်-၁၉ ကာကွယ်ဆေး  တစ် ကြိမ်ထိုးနှံပြီးသူပေါင်း ၁၁၃ ဒသမ ၄၂ သန်းရှိကြောင်း   ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် ကြေညာလိုက်သည်။ 
အစိုးရသည်   ပြည်သူ   ၂၀၈ ဒသမ ၂၆ သန်းကို ကာကွယ်ဆေး ထိုးပေးနိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိသည်။
ဆင်ဟွာ