ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ  ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

 

နေပြည်တော် အောက်တိုဘာ ၂၅


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဆိုင်ရာ   ပစ္စည်းများကို လေကြောင်း၊    ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး  စခန်းများ  မှ    နှောင့်နှေးကြန့်ကြာမှု   မရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ချင်းရွှေဟော်နှင့် မြဝတီကုန်သွယ် ရေးစခန်း နှစ်ခုတို့မှ တင်သွင်းရာ ၌  ကုမ္ပဏီ ငါးခုမှ  ယာဉ်စီးရေ  ၁၁ စီးဖြင့်  အောက်ဆီဂျင်(အိုးခွံ) ၅၃၀၊ Oxygen Plant တစ်ခု၊ အိမ်သုံး      အောက်ဆီဂျင်စက် (Oxygen   Concentrator)  အခု ၁၀၀၀၊    PPE ဝတ်စုံ    ၄၁၂၅၀၊ လက်အိတ် ၁၀ တန်နှင့် နှာခေါင်း စည်း(Mask)    တန်  ၃၀  တို့ကို တင်သွင်းခဲ့ပြီး    Oxygen   Plant တစ်ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့ သို့ဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်  SOP များနှင့် အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါး  နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန်   ဝန်ကြီးဌာန Website ဖြစ်သည့်  commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရှိရသည်။  သတင်းစဉ်