တစ်ရက်လျှင် ရေဂါလန် ၃ ဒသမ ၇၅ သန်း သန့်စင်ပေးဝေနေသည့် ရန်အောင်မြင် သဲရေစစ်ကန် ကြည့်ရှုစစ်ဆေး


 

နေပြည်တော် အောက်တိုဘာ  ၂၅


နေပြည်တော် စည်ပင်သာယာရေး ကော်မတီ  ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်သည် ယနေ့ နံနက်ပိုင်းက  ရန်အောင်မြင် ဆည်ရေ   အရင်းအမြစ်မှ  ရေကို ယူ၍ သောက်သုံးရေ ပေးဝေလျက် ရှိသော ရန်အောင်မြင် သဲရေစစ် ကန်သို့ သွားရောက်စစ်ဆေးခဲ့ရာ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်း မှု)  ဌာနမှူးက   တစ်ရက်လျှင် ရေဂါလန်   ၃ ဒသမ ၇၅ သန်း သန့်စင်ပေးဝေနေသည့် ရန်အောင် မြင် သဲရေစစ်ကန်မှ ပိတောက် အိမ်ရာ၊  ဘောဂသိဒ္ဓိရပ်ကွက်ရှိ သဇင်ဆောင်များနှင့်    သပြေ ဆောင်များ၊   ဉာဏသိဒ္ဓိရပ်ကွက် များသို့   သန့်ရှင်းသည့်ရေများ လုံလောက်စွာ   ဖြန့်ဝေပေးနေမှု အခြေအနေအား ရှင်းလင်းတင်ပြ သည်။ (အောက်ပုံ)
ဆက်လက်၍ ဒုတိယမြို့တော် ဝန်သည်    ရန်အောင်မြင်ဆည် အတွင်း၌ရှိသော Timber Dec-king Gazebo သို့ သွားရောက်၍ အများပြည်သူ အပန်းဖြေနိုင်စေ ရန်အတွက် ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်ရန်နှင့် ရန်အောင်မြင် ရေထိန်းမျှော်စင်သို့  ရေဝင်ရောက် မှု၊  ရေထိန်းမျှော်စင်မှ  Gravity Flow  ဖြင့်   တုံဂပူရိရေစုကန်သို့ ပေးပို့ပြီး   ကျောက်မျက်  သဲရေ စစ်ကန်မှတစ်ဆင့်   ထန်းတပင် ရပ်ကွက်၊   ရွှေကြာပင်ရပ်ကွက်၊ ကျောက်မျက်  အလုပ်ရုံများနှင့် စည်ပင်ဧည့်ရိပ်သာသို့ သောက်သုံး ရေ    ပို့လွှတ်နေမှုနှင့်  ဆည်၏ ကြံ့ခိုင်ရေးလုပ်ငန်းများ ဆောင်ရွက် မှု   အခြေအနေများကို   ကြည့်ရှု စစ်ဆေးပြီး     လုပ်ငန်းများကို အလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက်  ဒုတိယမြို့တော် ဝန် ဦးမောင်မောင်သည်   ဆင်အုံ ကန်မှ   ရန်အောင်မြင်ဆည်သို့ ရေကူရေတင် ပိုက်လိုင်းသွယ်တန်း ခြင်းလုပ်ငန်း   ဆောင်ရွက်နေမှု အခြေအနေများကို  သွားရောက် ကြည့်ရှုပြီး       လုပ်ငန်းအရည် အသွေး ပြည့်မီစွာ ဆောင်ရွက်ရေး၊ သတ်မှတ်ချိန်အမီ     ပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို   မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်