
နေပြည်တော် အောက်တိုဘာ ၂၅
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ပြန်လည်ဖော်ထုတ်သည့်အနေဖြင့် ခေတ်အဆက်ဆက် မြန်မာ အမျိုးသားများနှင့် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုများကို အများပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များ ပိုမိုအလေးထားလေ့လာမှတ်သားနိုင်စေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ စာတိုက်လုပ်ငန်းမှ ပုဂံခေတ် အမျိုးသား၊ အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုပုံများဖြင့် အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) နှစ်မျိုးအား အောက်တိုဘာ ၂၇ ရက် နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ် များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့တွင် အောက်တိုဘာ ၂၇ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ် အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်သည်။
ဆက်လက်၍လည်း အင်းဝခတ် မြန်မာအမျိုးသားများနှင့် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုများကို ထုတ်ဝေရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်