ဝက်လက်မြို့၌ အောက်ဆီဂျင်စက်ရုံ လွှဲပြောင်းပေးအပ်

 

ဝက်လက်   အောက်တိုဘာ  ၂၄


စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် အမှတ် (၁) ရပ်ကွက်တွင် တည်ဆောက်ထားသော အောက်ဆီဂျင်စက်ရုံ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့က  ကျင်းပရာ စက်ရုံတည်ဆောက်ရေးကော်မတီဝင်များက အောက်ဆီဂျင်စက်ရုံ    လည်ပတ်ရေးကော်မတီဥက္ကဋ္ဌ           ဒေါက်တာ မျိုးကျော်ထွန်းနှင့်    အဖွဲ့ဝင်များထံ လွှဲပြောင်းပေးအပ်သည်။

 


အောက်ဆီဂျင်စက်ရုံကို သြဂုတ် ၆ ရက်က စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာ ၂၀ ရက်တွင် စတင်လည်ပတ်နိုင်၍ လွှဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့ကကျင်းပခြင်းဖြစ်ကြောင်း၊  စက်ရုံတည်ဆောက် ရာတွင် ငွေကျပ်သိန်းပေါင်း ၁၀၀၀ ကျော် ကုန်ကျခဲ့ပြီး   မြို့ပေါ်နေ ဒေသခံပြည်သူများနှင့် အခြားမြို့များတွင်  နေထိုင်ကြသော   ဝက်လက် မြို့နယ်သူ၊ မြို့နယ်သားများကလည်း ပူးပေါင်းပါဝင် လှူဒါန်းခဲ့ကြောင်း၊ အဆိုပါ အောက်ဆီဂျင်စက်ရုံမှ တစ်ရက်လျှင် လီတာ ၄၀ ဆံ့အိုး အလုံး ၄၀ နှုန်း ထုတ်လုပ်နိုင်မည်ဖြစ်ပြီး  လီတာ ၄၀ ဆံ့အိုး တစ်လုံးလျှင် ငွေကျပ် ၅၀၀၀၊ လီတာ  ၃၀ ဆံ့အိုး တစ်လုံးလျှင် ငွေကျပ် ၄၀၀၀ ၊ လီတာ ၂၀ ဆံ့အိုး တစ်လုံးလျှင် ငွေကျပ် ၃၀၀၀ ဖြင့် ရောင်းချကာ အောက်ဆီဂျင်အိုးရောင်း၍ ရရှိလာသော ငွေများကို စက်ရုံအတွက် လိုအပ်သောပစ္စည်းများ ထပ်မံဝယ်ယူရန်နှင့်    စက်ရုံလည်ပတ်ရာတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများကို    လစာပေးရန်အတွက် အသုံးပြုမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။      

              
စိုးစိုးလှိုင်(ဝက်လက်)