မောင်တောမြို့ရှိ အခြေခံပညာကျောင်းများ၌ အသက် ၁၂နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ ၃၉၇၉ ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ

 

မောင်တော  အောက်တိုဘာ  ၂၄


ရခိုင်ပြည်နယ်   မောင်တောမြို့ရှိ   အခြေခံပညာကျောင်းများ၌ အသက် ၁၂နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား  ပထမအကြိမ် အဖြစ်  အောက်တိုဘာ ၂၄ ရက် နံနက်  ၉ နာရီက   သတ်မှတ် စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးသည်။

 


ထိုသို့ ဆောင်ရွက်ပေးရာတွင်  ကာကွယ်ဆေး   ထိုးနှံခြင်းမပြုမီ  ပညာရေးဝန်ထမ်းများက စာရင်းများ  မှတ်ယူခြင်း၊  မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ဦးဆောင်ကြီးကြပ်ပြီး ကျန်းမာရေး ဝန်ထမ်းများက လာရောက်ထိုးနှံသည့် အခြေခံပညာကျောင်းများရှိ  အသက် ၁၂နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား  နှာခေါင်း စည်းများ ဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ   စနစ်တကျ    ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့်  အနားယူစေကာ ကာကွယ်ဆေး ထိုးနှံနေမှုများအား  ဌာနဆိုင်ရာများ၊ကျောင်းအုပ်ဆရာ ဆရာမကြီး များ၊ ဆရာ  ဆရာမများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ 

 


မောင်တောမြို့နယ်အခြေခံပညာကျောင်းများ၌ စုရပ် ၅၃ နေရာ တွင် ကာကွယ်ဆေးထိုးနှံပေးရမည့် အသက် ၁၂နှစ်နှင့်အထက်  ကျောင်း သား ကျောင်းသူ ၇၂၉၇ဦးရှိပြီး  ပထမအကြိမ်အဖြစ် အောက်တိုဘာ  ၁၇ ရက်မှ ၂၄ ရက်အထိ   အသက် ၁၂နှစ်နှင့်အထက်  ကာကွယ် ဆေးထိုးနှံပြီးသူ ကျောင်းသား ကျောင်းသူ  ၃၉၇၉ဦးအား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။                        

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)