တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ရပ်စောက်မြို့နယ် ဦးစီးမှူးရုံးများမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

 

တောင်ကြီး  အောက်တိုဘာ  ၂၂


လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ရပ်စောက်မြို့နယ် ဦးစီးမှူးရုံးများမှ   ပန်းခင်းစီမံချက်အရ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ ရှမ်းပြည် နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်   ဒေါက်တာကျော်ထွန်း   တက် ရောက်သည်။

 


အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် က  မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်း သားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့် အညီ  ကိုင်ဆောင်သင့်သည့်  ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်စေရန် ဥပဒေနှင့်အညီ တတ်နိုင်သမျှ  ဖြေလျှော့ပြီး ဆောင် ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် တောင်ကြီး မြို့နယ်ရုံးကို    လာရောက်ဆောင်ရွက်ရသည့်   ကိစ္စ တစ်ခုကို အဆင်ပြေချောမွေ့စွာဖြင့်  ငွေကြေးကုန်ကျ မှုသက်သာပြီး   ကိုယ့်ဒေသတွင်  လုပ်ငန်းခွင် အလုပ် အကိုင်မပျက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိ သည့်အတွက် ဝမ်းသာစရာဖြစ်ကြောင်း   ပြောကြား သည်။

 


ဆက်လက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို   ပြည်နယ် ဝန်ကြီးချုပ်က တောင်ကြီးမြို့နယ်  မိုင်းသော်အရှေ့ကျေးရွာအုပ်စုနှင့်        အောင်သပြေရပ်ကွက်၊ နန်းဟောင်း    ကျေးရွာအုပ်စုတို့ကို   ပေးအပ်ရာ (အပေါ်ပုံ) ကိုယ်စားလှယ်တစ်ဦးစီက လည်းကောင်း၊  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး   ဗိုလ်မှူးချုပ်   နီလင်းအောင်က    တောင်ကြီးမြို့နယ်    ထီဖောင်း ကျေးရွာအုပ်စု၊ အေးသာယာရပ်ကွက်တို့ကို ပေးအပ်ရာ ကိုယ်စားလှယ်        တစ်ဦးစီကလည်းကောင်း၊    ညောင်ရွှေမြို့နယ်        တိလောကျေးရွာအုပ်စု၊     ရေပူကျေးရွာအုပ်စု၊ စံကားကျေးရွာအုပ်စု၊ ကလော မြို့နယ် ဘော်နင်းကျေးရွာအုပ်စု၊ ရပ်စောက်မြို့နယ် ပါမဲကျေးရွာအုပ်စုနှင့်      ဟွှေးကျေးရွာအုပ်စုနှင့် ကောင်းဘို့ကျေးရွာအုပ်စုတို့ကို    ပြည်နယ်ဝန်ကြီး များနှင့်   ပြည်နယ်ဥပဒေချုပ်တို့က ကိုယ်စားလှယ် တစ်ဦးအားလည်းကောင်း          ပေးအပ်ကြရာ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးမှုအား ဒေသခံ များကိုယ်စား ထီဖောင်းကျေးရွာအုပ်စုမှ ဦးခွန်သန်း ဝင်းက   ကျေးဇူးတင်စကား  ပြန်လည်ပြောကြား ကြောင်း သိရသည်။     

 


အဆိုပါ တောင်ကြီးခရိုင် တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ရပ်စောက်မြို့နယ်များ၏    ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိရာ ယနေ့အခမ်းအနားတွင် အိမ်ထောင်စု လူဦးရေ စာရင်း ၃၁၀ နှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၀၃၀ ကို  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                

   
မောင်မောင်သန်း(တောင်ကြီး)