
နေပြည်တော် အောက်တိုဘာ ၂၂
အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူ များအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ရှမ်းပြည်နယ် နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာနေ မ ---- (၂၂နှစ်)၊ ရှမ်းပြည်နယ် မူဆယ်မြို့ ၁၀၅မိုင်နေ မ --- (၂၂နှစ်)၊ ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် ဗားရှင်းကျေးရွာနေ မ --- (၂၃ နှစ်)နှင့် ပဲခူးတိုင်းဒေသ ကြီး လယ်ဦးကျေးရွာနေ မ --- (၂၁နှစ်)တို့ လေးဦးကို တရုတ်နိုင်ငံတွင် အလုပ်အကိုင်ရရှိမည်ဟု လိမ်လည်စည်းရုံးခေါ်ဆောင်ပြီး တရုတ် အမျိုးသားနှင့် အဓမ္မထိမ်းမြားလက်ထပ်ရန် စီစဉ်ခဲ့သဖြင့် ချင်းရွှေဟော် နယ်မြေရဲစခန်း (ပ) ၉/ ၂၀၂၀၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး လောက်ကိုင်မြို့နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ အောက် တိုဘာ ၁၅ ရက်တွင် တရားခံ ကျော်ဇင်ထွန်းအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်၊ အောင်ဖြိုးဆွေ၊ ဝင်းဇော်ဦး၊ ဇော်မင်းနှင့် မိုးမင်းတို့လေးဦးအား လူကုန် ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၂နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်