
နေပြည်တော် အောက်တိုဘာ ၂၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)နှင့် တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ဧရာ ဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရှိ နယ်မြေခံဆေးတပ်ရင်းတို့တွင် တက်ရောက် ဆေးကုသမှုခံယူ လျက်ရှိသော ဒေသခံတိုင်းရင်း သားပြည်သူများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများကို ယနေ့ တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု ပြီး တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေး ထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှုအခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်း အားပေး စကား ပြောကြားပြီး စားသောက် ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့် အဖွဲ့ဝင် များသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည် များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်