တောင်ကိုရီးယား၌ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၆၈ ဒသမ ၂ ရာခိုင်နှုန်းရှိ

ဆိုးလ် အောက်တိုဘာ ၂၂ 


တောင်ကိုရီးယား       နိုင်ငံ၌ အောက်တိုဘာ  ၂၁ ရက်   ည သန်းခေါင်အထိ   ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၁၄၄၀ တိုးလာ ပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်သူ ၃၄၈၉၆၉   ဦးအထိ ရှိလာခဲ့ကြောင်း    သိရသည်။ 

 


နေ့စဉ် ကိုဗစ်-၁၉   ကူးစက် မှုသည်             ယခင်ရက်များနှင့် ထူးမခြားနားဖြစ်ကြောင်း   သိရ သည်။ ဇူလိုင် ၇  ရက်မှ   စကာ ကိုဗစ်-၁၉ ကူးစက်သူ   ၁၀၀၀ အထက်     ရှိခဲ့သည်မှာ ရက်ပေါင်း ၁၀၈    ရက်   ဆက်တိုက်ရှိလာပြီ ဖြစ်သည်။ 

 


မကြာသေးမီက   မြင့်တက် လာသော ကိုဗစ်-၁၉ ကူးစက်မှု များသည် ဆိုးလ်ဒေသ၏ ကိုဗစ်-၁၉ အစုလိုက်ကူးစက်မှုကြောင့်  ဖြစ်ကြောင်း သိရသည်။ 
 ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများအနက် ၅၁၃ ဦးမှာ ဆိုးလ်ဒေသခံများ ဖြစ်ကာ ၅၁၂ ဦးမှာ ချုံဂီပြည်နယ် မှ   ဖြစ်ပြီး ၁၂၀ မှာ အင်ချွန်မှဖြစ် သည်။      မြို့တော်မဟုတ်သည့် နေရာ         ဒေသများတွင်လည်း ကိုဗစ်- ၁၉ ဆက်လက် ကူးစက် ပြန့်ပွားလျက်ရှိပြီး       စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားသူ ၂၇၅  ဦး သို့မဟုတ် ၁၉ ဒသမ ၄ ရာခိုင်နှုန်းရှိသည်။     ကိုဗစ်-၁၉ ကြောင့် ၁၆ ဦး ထပ်မံသေဆုံးခဲ့ သောကြောင့် စုစုပေါင်းသေဆုံးသူ   ၂၇၂၅ ဦး    အထိ    ရှိလာခဲ့ပြီး သေဆုံးနှုန်းမှာ   ၀  ဒသမ ၇၈ ရာခိုင်နှုန်းရှိသည်။ 

 


အပြည့်အဝ  နာလန်ထူလာ ပြီးနောက် သတ်မှတ်စောင့်ကြည့် စင်တာမှ  ဆင်းလာသူ ၂၅၆၂ ဦး အပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ မှ ပြန်လည်ကောင်းမွန်လာသူ ၃၂၀၃၁၇ ဦးအထိ  ရှိလာပြီဖြစ် သည်။ စုစုပေါင်း    ပြန်လည် ကျန်းမာလာသူနှုန်းမှာ ၉၁ ဒသမ ၇၉ ရာခိုင်နှုန်းဖြစ်သည်။ 

 


ဖေဖော်ဝါရီ ၂၆ ရက်တွင်     အစုလိုက်   ကာကွယ်ဆေးထိုးမှု များစတင်ပြုလုပ်ခဲ့ရာ     ယခု အချိန်တွင် ၄၀၆၄၄၉၀၃ ဦး  စုစု ပေါင်း နိုင်ငံ့လူဦးရေ၏ ၇၉ ဒသမ ၂ ရာခိုင်နှုန်း       ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခဲ့ပြီး ဖြစ်သည်။ 

 


ကိုဗစ်-၁၉    ကာကွယ်ဆေး အပြည့်အဝ      ထိုးနှံပြီးသူပေါင်း ၃၅၀၀၃၇၇၈ ဦး      သို့မဟုတ်  ၆၈  ဒသမ ၂ ရာခိုင်နှုန်း     ရှိပြီ ဖြစ်သည်။                     

ဆင်ဟွာ