
နေပြည်တော် အောက်တိုဘာ ၂၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ Sinopharm ကုမ္ပဏီမှဝယ်ယူသော Sinopharm (BIBP) ကိုဗစ် - ၁၉ ကာကွယ်ဆေး လေးသန်း (5 doses per Vial ထုပ်ပိုးမှုပုံစံ) ဆေးအလုံးရေ ရှစ်သိန်းတင်ဆောင်လာသော Air China လေ ကြောင်းလိုင်း A 332 အမျိုးအစား လေကြောင်း ပျံသန်းအမှတ် CA 589 လေယာဉ်သည် တရုတ်နိုင်ငံ ပေကျင်းမြို့မှ ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ပဉ္စမအသုတ်အဖြစ် ရောက်ရှိ လာကြောင်း သိရသည်။
အဆိုပါ တရုတ်လေကြောင်းလိုင်း Air China လေယာဉ်ဖြင့် ရောက်ရှိလာသော Sinopharm ကိုဗစ်- ၁၉ ကာကွယ်ဆေးများအား ကျန်းမာရေး
ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်ခံ ရယူကြသည်။
ထိုသို့ရောက်ရှိလာသောဆေးများသည် မြန်မာနိုင်ငံမှ မှာယူ ထားသော ကိုဗစ်-၁၉ ကာကွယ်ဆေး ၂၄ သန်းအနက် ပဉ္စမအသုတ် အဖြစ် ကာကွယ်ဆေး လေးသန်း (5 doses per Vial ထုပ်ပိုးမှုပုံစံ)ဆေးအလုံးရေ ရှစ်သိန်း ဆေးပုံးအရေအတွက် ၄၁ ပုံး အလေးချိန် kg -16236 ရောက်ရှိလာခြင်းဖြစ်ပြီး ထိုသို့ရောက်ရှိလာသော ကာကွယ် ဆေးများတွင် ပထမအသုတ် လေးသန်းသည် စက်တင်ဘာ ၁၂ ရက် တွင်လည်းကောင်း၊ ဒုတိယအသုတ် လေးသန်းသည် စက်တင်ဘာ ၂၆ ရက်တွင်လည်းကောင်း၊ တတိယအသုတ် လေးသန်းသည် အောက်တိုဘာ ၂ ရက်တွင်လည်းကောင်း၊ စတုတ္ထအသုတ်ကို ၁၅ ရက် တွင်လည်းကောင်း ရောက်ရှိခဲ့ပြီးဖြစ်ရာ ယခုပဉ္စမအသုတ် အပါအဝင် ကာကွယ်ဆေး စုစုပေါင်း သန်း ၂၀ ရောက်ရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်