နောင်တော်ကြီးစေတီတော် ဘုံအဆင့်ထီးတော်တင်မင်္ဂလာအခမ်းအနား ကျင်းပ

ရန်ကုန်  အောက်တိုဘာ  ၂၁


ရန်ကုန်အရှေ့ပိုင်းခရိုင်    မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့်  မယ်လမုစေတီတော်ဝင်းအတွင်းရှိ နောင်တော်ကြီးစေတီတော်   ဘုံအဆင့်   ထီးတော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။


ရှေးဦးစွာ ဆုတောင်းပြည့်မယ်လမုစေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းရှင်နှင့် ဂေါပကအဖွဲ့ဝင် များ၊  အလှူရှင်များက  တင်လှူပူဇော်မည့်  ထီးတော် မြတ်အား   အမွှေးနံ့သာရည်များ  ပက်ဖျန်းပေးကြ သည်။


တင်လှူပူဇော်


ထို့နောက် ထီးတော်တင်မင်္ဂလာအခမ်းအနား တွင် ပါဝင်ဆောင်ရွက်မည့် စေတီတော်ဝန်ထမ်းများ က    သတ်မှတ်ထားသည့်   ဘုံအဆင့်ဆင့်တို့တွင် နေရာယူကြကာ ပရိသတ်များက  ရတနာသုံးပါး ဂုဏ်တော်ကို အာရုံပြုလျက် ထီးတော်မြတ်အား အလှူရှင်များ၊ ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက      လက်ဆင့်ကမ်းပင့်ဆောင်ကာ  နောင်တော်ကြီးစေတီ တော် ဘုံအဆင့်သို့  တင်လှူပူဇော်ကြပြီး အခမ်းအနား ကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း ပြီး ရုပ်သိမ်းလိုက်သည်။


ကိုကိုဇော်(MNA)