
မြောက်ဦး အောက်တိုဘာ ၂၁
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ စုပေါင်း၍ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သီတင်းကျွတ်လပြည့်နေ့က မင်္ဂလာ့မာရ်အောင် ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် မင်္ဂလာ့မာရ်အောင် ဓမ္မာရုံအတွင်း၌ ဧည့်ပရိသတ် များက ဆရာတော်သံဃာတော်များထံမှ သီလခံယူ ဆောက်တည်ကြပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့ပေါ် ရပ်ကွက်များမှ စေတနာရှင် ပြည်သူများက သံဃာ တော်များအား လှူဖွယ်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ဖယောင်းတိုင်၊ အမွှေးနံ့သာတိုင်၊ ကော်ဖီ ထုပ်၊ ဆပ်ပြာခဲ၊ မာမီးခေါက်ဆွဲထုပ်များနှင့် ငါး သေတ္တာဘူးများ စုပေါင်းလောင်းလှူကြသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)