သီတင်းကျွတ်လပြည့်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မီးပုံးပျံလွှတ်တင်ပွဲ ကျင်းပ

 

ဘားအံ  အောက်တိုဘာ   ၂၁


မြန်မာသက္ကရာဇ်  ၁၃၈၃  ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ကကြီးမှူး၍    မီးပုံးပျံ လွှတ်တင်ပွဲကို  အောက်တိုဘာ  ၂၀ ရက် နံနက်ပိုင်းက ဘားအံမြို့ သီရိကွင်း၌ ကျင်းပသည်။

 


မီးပုံးပျံလွှတ်တင်ပွဲတွင် ကရင်  ပြည်နယ်ဝန်ကြီးချုပ်     ဦးစောမြင့် ဦးက မြန်မာ့ယဉ်ကျေးမှု  ဓလေ့ ထုံးတမ်း     ပွဲတော်တစ်ရပ်ကို    ပြည်နယ်သူ ပြည်နယ်သားများက     ကိုဗစ်-  ၁၉ စည်းကမ်းချက်များ နှင့်အညီ စုပေါင်းပါဝင် ဆင်နွှဲကြ သည်ကို  မြင်တွေ့ရသည့်အတွက် ဝမ်းမြောက် ကြည်နူးမိပါကြောင်း၊ ယနေ့ကျင်းပသည့်     မီးပုံးပျံ လွှတ်တင်ပူဇော်ပွဲသည် ဘာသာ ရေးအရ   ကုသိုလ်ယူပူဇော်ခြင်း၊ ပြည်နယ်အတွင်း    အေးချမ်း သာယာပြီး စုစည်းသောအားဖြင့် ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခြင်း နှင့် ပြည်နယ်၏ တည်ငြိမ်အေးချမ်း သာယာသည့်ပုံရိပ်ကို   ထင်ဟပ် ပြသခြင်းစသည့်    အနှစ်သာရ များဖြင့် ပြည့်ဝပါကြောင်း  ပြောကြားသည်။

 


ထို့နောက်    သီတင်းကျွတ် လပြည့်နေ့အထိမ်းအမှတ် မီးပုံး ပျံလွှတ်တင်ပူဇော်ပွဲကို  ပြည်နယ် ဝန်ကြီးချုပ်က အချက်ပေးမောင်း   တီးခတ်၍စတင်ပေးပြီး  ပြည်နယ် ဝန်ကြီးချုပ်၊   အရှေ့တောင်တိုင်း စစ်ဌာနချုပ်    ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်    ဇော်မင်းအောင်၊ ပြည်နယ်တရားလွှတ်တော်  တရား သူကြီးချုပ်   ဦးသိန်းကိုကိုနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီး များက    မီးပုံးပျံလွှတ်တင်မှုများ ကို     လိုက်လံကြည့်ရှုအားပေးခဲ့ ကြကာ အမြင့် ပေ ၃၀   ခန့်နှင့် အချင်း ၁၅ ပေခန့်အရွယ် ရှိ မီးပုံးပျံ ၁၁ လုံးကို     ကရင် တိုင်းရင်းသားရိုးရာအဝတ်အထည် များ၊  လက်ကိုင်ပဝါနှင့် လက်ကိုင် အိတ်များ၊     ရောင်စုံအလံများ     ချိတ်ဆွဲ၍  ကရင်ရိုးရာဒုံးအကများ၊ အိုးစည်၊ ဗုံမောင်းများ၊   အတီး အမှုတ်       အကအခုန်များဖြင့်   အေးချမ်းပျော်ရွှင်စွာ လွှတ်တင် ခဲ့ကြသည်။

 


ဂုဏ်ပြုဆုများချီးမြှင့်


မီးပုံးပျံလွှတ်တင်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊     အရှေ့ တောင်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး၊      ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်  ဝန်ကြီး များက   မီးပုံးပျံလွှတ်တင်သည့် အဖွဲ့များအား     ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်     ဘားအံမြို့ အဝင်    သံလွင်တံတားအနီးရှိ ထောင်ဝိတောင်ဘူမိ    ရုပ်သွင် ထူးခြားသည့်နယ်မြေ ၁၆၅ ဧက အား သွားရောက်ကြည့်ရှုစစ်ဆေး ရာ ပြည်နယ်သစ်တောဦးစီးဌာန မှူး ဦးပြည့်စုံမျိုးက ကိုဗစ်အလွန် ကာလတွင်    ထောင်ဝိတောင်  ဘူမိရုပ်သွင်   ထူးခြားနယ်မြေသို့ ပြည်တွင်း၊       ပြည်ပခရီးသွား ဧည့်သည်များ လာရောက်လေ့လာ ကြည့်ရှုနိုင်ရေး၊          ကြိုးဝိုင်း နယ်နိမိတ်မှတ်တိုင်များစိုက်ထူ၍ ထုံးကျောက်တောင်   ဂေဟစနစ် များ ပေါ်လွင်စေရေးနှင့် သန့်ရှင်း သာယာလှပရေး ဆောင်ရွက်နေမှု များကို    ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က  လိုအပ် သည်များ     မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)