
ဖောင်းပြင် အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ် မှန်ပင်ကျေးရွာအုပ်စု ဟော်ဇောင်း ကျေးရွာ၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးတို့အတွက် ဖောင်းပြင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လဘတ်ဂျက်အတွင်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသန်း ဇော်ဝင်းက သင်တန်းအဖွင့်အမှာစကား ပြောကြားပြီး အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဆိုင်ကယ်ပြုပြင်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။
သင်တန်းကို အောက်တိုဘာ ၁၅ ရက်မှ ၃၁ ရက်အထိ ၁၅ ရက်ခန့် သင်တန်း နည်းပြ ဆရာများဖြင့် သင်တန်းသား ၁၅ ဦးအား လက်တွေ့သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မွှေးကြူဇင်