ရေကြောင်းသတိပေးချက်

မြန်မာ့ရေနံနှင့်  သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော် ရေးလုပ်ငန်းများတွင်  အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO INTERNATIONAL Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ A-1 တွင် Shwe Phase 2 Development Project အတွက် တွင်းတူးဖော်ရေးလုပ်ငန်းများအား Dive Support Vessel "MV SOUTHERN STAR" ဖြင့် လုပ်ငန်းများဆောင်ရွက်မည့် ဧရိယာများဖြစ်သော Point-A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ် ၅၁.၅၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၀ မိနစ် ၀၈.၂၉ စက္ကန့်၊ Point-B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၆ မိနစ် ၀၃.၄၆ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၀၂.၆၉ စက္ကန့်၊ Point-C မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၀ မိနစ် ၁၅.၂၃ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၇ မိနစ် ၅၁.၈၂ စက္ကန့်နှင့် Point-D  မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၄ မိနစ် ၃၇.၀၃ စက္ကန့်၊  အရှေ့လောင်ဂျီတွဒ်   ၉၂  ဒီဂရီ ၄၀ မိနစ် ၅၁.၀၆  စက္ကန့်တွင် လည်းကောင်း၊ Semi-Submersible Rig "Deepwater NAUTILUA" ဖြင့် လုပ်ငန်းများဆောင်ရွက်မည့် ဧရိယာများဖြစ်သော Point-A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၆ မိနစ် ၃၄.၄၉ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၉ မိနစ် ၂၄.၁၁ စက္ကန့်၊ Point-B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၃ မိနစ် ၂၃.၇၄ စက္ကန့်၊ အရှေ့ လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၉ မိနစ် ၁၅.၂၀ စက္ကန့်၊ Point-C မြောက် လတ္တီတွဒ် ၁၉ ဒီဂရီ ၄၂ မိနစ် ၄၄.၀၇ စက္ကန့်၊  အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၂ မိနစ် ၄၇.၃၇ စက္ကန့်နှင့် Point-D  မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၆ မိနစ် ၁.၆၆  စက္ကန့်၊   အရှေ့လောင်ဂျီတွဒ်  ၉၂  ဒီဂရီ ၃၃ မိနစ် ၂၈.၃၀ စက္ကန့်တွင် လည်းကောင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ  ၁ ရက်နေ့မှ  ဒီဇင်ဘာလ  ၁၅  ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ်၊ A-1 တွင် Shwe Phase 2 Development Project အတွက်  တွင်းတူးဖော်ရေးလုပ်ငန်းများ အား Dive Support Vessel "MV SOUTHERN STAR" နှင့် Semi-Submersible Rig "Deepwater NAUTILUA" တို့ဖြင့် ဆောင်ရွက် နေစဉ်ကာလအတွင်း လုပ်ငန်းများ  နှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ် စေရေးအတွက် တွင်းတူးဖော်ရေးတည်နေရာများမှ  ၄  ကီလိုမီတာ ပတ်လည်အတွင်းအား   ရေကြောင်းသတိပေးချက်     (Notice to Mariners)   ထုတ်ပြန်ကြေညာထားပါ၍   သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊    စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊    ငါးဖမ်းဆီး ခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်း မပြုလုပ်ကြရန် အသိပေး ကြေညာအပ်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာန