
မကွေး အောက်တိုဘာ ၂၀
ပုသိမ်(ကံကလေး) မုံရွာလမ်း သည် စုစုပေါင်း ၄၁၆ မိုင် ၆ ဖာလုံ ရှိသည်။ မကွေးတိုင်းဒေသကြီး အပိုင်းတွင် (၂၄၄/၇)မိုင် ရှိသည့် အနက် Bot အား (၂၁/၇)မိုင် တာဝန်ပေးခဲ့ပြီး လမ်းဦးစီးက ၂၂၃ မိုင် တာဝန်ယူဆောင်ရွက် လျက်ရှိသည်။ လမ်းအဆင့် အတန်းမှာ ပြည်ထောင်စုလမ်းမ ကြီးဖြစ်သည်။
အဆိုပါလမ်းကို ၂၀၁၆-၂၀၁၇ မှ ၂၀၁၉-၂၀၂၀ ရရှိရန်ပုံငွေ စုစုပေါင်းငွေကျပ် ၂၀၀၀၁ ဒသမ ၆၈၂ သန်းဖြင့် မကွေးတိုင်း လမ်းဦးစီးသည် ၂၄ ပေ အကျယ် ကတ္တရာလမ်းချဲ့ခြင်း၊ ကတ္တရာ ထပ်ပိုးလွှာတင်ခြင်း၊ ၁၈ ပေ အကျယ် လမ်းသစ်ဆောင်ရွက် ခြင်း၊ ၁၈ ပေ အကျယ် လမ်းချဲ့ ခြင်း၊ ကတ္တရာရေပိတ်လွှာလောင်း ခြင်း၊ ရေပြွန်တံတား ၁၀ စင်း တည်ဆောက်ခြင်း၊ ကျောက်စီ ရေမြောင်း ၁၈၀၅၇ ပေ တည် ဆောက်ခြင်း၊ မြေထိန်း၊ မြေကာ ၅၂၅၅ ပေ ဆောင်ရွက်ခြင်း၊ Rcc တံတားနှစ်စင်း တည်ဆောက် ခြင်း၊ လမ်းတာပေါင်ချဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့အပြင် ၂၀၂၀-၂၀၂၁ ရန်ပုံ ငွေကျပ် ၅၈၀၅ ဒသမ ၁၃၅ သန်း ဖြင့်လည်း ၂၄ပေအကျယ် ကတ္တရာ လမ်းချဲ့ခြင်း (၈/၄) မိုင် + ၄၃၇ ပေ၊ ကတ္တရာထပ်ပိုးလွှာတင်ခြင်း (၅/၀)မိုင်၊ ၁၈ ပေအကျယ် လမ်းချဲ့ ခြင်း (၂/၆)မိုင်၊ လမ်းအနိမ့်အမြင့် ညှိ၍ ကတ္တရာပိတ်လွှာလောင်း ခြင်း (၇/၄)မိုင်၊ ရေပြွန်တံတား တစ်စင်း၊ မြေထိန်း/ မြေကာ ပေ ၃၁၀၊ Rcc တံတားတစ်စင်း၊ Road Sign ၂၂၆ ခု ၊ Guard Rail ပေ ၂၀၀၀ တို့ကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ခရမ်းစိုးမြင့်