သီပေါမြို့နယ်၌ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

 

သီပေါ   အောက်တိုဘာ   ၂၀


ရှမ်းပြည်နယ်မြောက်ပိုင်း  သီပေါမြို့နယ် အမှတ်(၁/၂)  အခြေခံ ပညာအထက်တန်းကျောင်းနှင့်   နမ့်လန်- ဆောင်ကြဲကျေးရွာ အုပ်စု အထက်တန်းကျောင်းများ၌ အသက် ၁၂ နှစ်နှင့်အထက်  အခြေခံပညာအလယ်တန်းနှင့်   အထက်တန်းရှိ   ကျောင်းသား ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ   ကာကွယ်ဆေးထိုးနှံခြင်း ကို    တတိယနေ့အဖြစ်     ယမန်နေ့က ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

 


ယင်းထိုးနှံပေးသည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးမှာ Sinovac အမျိုးအစား ဖြစ်ပြီး ကာကွယ်ဆေးလာရောက်ထိုးနှံ သည့် ကျောင်းသား ကျောင်းသူများအတွက် လက်ဆေးဘေစင် များ၊ လက်သန့်ဆေးရည်များထားရှိပေးခြင်း၊   သွေးပေါင်ချိန်နှင့် ကိုယ်ပူတိုင်းတာခြင်းများကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး    စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးသည်။

 


အဆိုပါ ကိုဗစ်- ၁၉  ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်စိုးဝင်း၊ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ဆရာဝန်ကြီး    ဒေါက်တာမျိုးအောင်နှင့်   တာဝန် ရှိသူများ      ကြည့်ရှုအားပေးကာ အခြေခံပညာအလယ်တန်း၊    အထက်တန်းကျောင်းများရှိ  ကျောင်းသား  ကျောင်းသူ ၅၁၄ ဦးအား ထိုးနှံပေးပြီး ကျန်ကျောင်းသား  ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း    ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး   ဦးပြည့်ဖြိုးထွန်းထံမှ     သိရသည်။                                         
စိုင်း
(သီပေါ)