ဘားအံမွေးမြူရေးဇုန်နှင့် ဘားမဲတောင်သဘာဝဥယျာဉ် ဖော်ဆောင်နေမှုများကို ကြည့်ရှုစစ်ဆေး

 

ဘားအံ  အောက်တိုဘာ   ၂၀


ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကိုနှင့်      ပြည်နယ်ဝန်ကြီးများသည်  မွေးမြူ‌ရေးကို  အခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ   ဆောင်ရွက်နိုင်ရန်   ဘားအံ စက်မှုဇုန်အနီး၌     မွေးမြူရေးဇုန်      ဖော်ထုတ်နေမှု အား    ယမန်နေ့က     သွားရောက်ကြည့်ရှုစစ်ဆေး သည်။

 


ထိုသို့ကြည့်ရှုစစ်ဆေးရာတွင်       ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းက    ဇုန်အတွင်း    မြေသားလမ်း လုပ်ငန်းနှင့် ရေထုတ်ပြွန်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် မွေးမြူရေးနှင့်  ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး     ဒေါက်တာ  အောင်မြင့်ဟန်က မွေးမြူမည့် တိရစ္ဆာန်အမျိုးအစားအလိုက် နေရာချ ထားပေးနိုင်ရေးလုပ်ငန်းများကို      ရှင်းလင်းတင်ပြ ကြသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီး များသည် ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ဘားမဲ တောင်အား  သဘာဝဥယျာဉ်အဖြစ်    အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူ၊ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးပြည့်စုံမျိုးနှင့် တာဝန်ရှိသူများက  လုပ်ငန်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍    ရှင်းလင်းတင်ပြ ကြပြီး   ပြည်နယ်ဝန်ကြီးချုပ်က     လိုအပ်သည်များ   လမ်းညွှန်မှာကြားကာ         ဘားမဲတောင်သဘာဝ ဥယျာဉ်တွင်      သဘာဝအလျောက်        ပေါက်ရောက်နေ သည့် အပင်အမျိုးအစားများ၊ နားနေဆောင်၊ View Point ၊ တောင်ပတ်လူသွား ကွန်ကရစ်လျှောက်လမ်း များ၊ အများသုံး  သန့်စင်ခန်းများနှင့် အုတ်ရေမြောင်း များ ဆောင်ရွက်ပြီးစီးမှု၊     ကလေးကစားကွင်းနှင့်    ယာဉ်ရပ်နားရာနေရာ  တည်ဆောက်မည့်မြေနေရာ တို့ကို လှည်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း  သိရ သည်။

 


ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည်   ယင်းနေ့နံနက်ပိုင်းက      ဘားအံမြို့ လှာကမြင်အားကစားကွင်း    မိုးလုံလေလုံအားကစား ခန်းမ၌ ကျင်းပသည့်  ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့်     ပြည်နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့်          ပြည်နယ်   ဘော်လီဘော ဆပ်ကော်မတီတို့   ပူးပေါင်းဖွင့်လှစ်သည့်  ဘော်လီ ဘောနည်းပြနှင့်    ဒိုင်သင်တန်းဖွင့်ပွဲကို တက်ရောက်ခဲ့ ကြောင်း  သိရသည်။

 


အဆိုပါ ဘော်လီဘောနည်းပြနှင့် ဒိုင်သင်တန်းသို့ ပြည်နယ်အတွင်းရှိမြို့နယ်များမှ   သင်တန်းသား သင်တန်းသူ ၂၄ ဦး တက်ရောက်လျက်ရှိပြီး အောက်တို ဘာ ၁၉ ရက် မှ ၂၃ ရက်အထိ  ဖွင့်လှစ်ပို့ချပေးမည် ဖြစ်ကြောင်းသိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)