
ကန်ကြီးထောင့် အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဒါးကကျေးရွာ (ကြိမ်ချောင်း) ရန်ကုန်-ပုသိမ်ကားလမ်းဘေး၌ အောက်ဆီဂျင်စက်ရုံ တစ်ခုကို တည်ဆောက်လျက်ရှိရာ ယခုအခါတွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပြီဖြစ်သောကြောင့် ယနေ့တွင် စက်တပ်ဆင်၍ စတင်မောင်းနှင်လည်ပတ်ကြောင်း သိရသည်။
ထိုကဲ့သို့ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရခြင်းမှာ ကန်ကြီး ထောင့် မြို့နယ်အတွင်းရှိ အောက်ဆီဂျင်လိုအပ်သော လူနာများအတွက် တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပေးနိုင်ရန်နှင့် မြို့နယ်အတွင်းရှိ ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ပရဟိတအသင်းများသို့ ဖြန့်ဖြူး ပေးနိုင်ရန်အတွက် စေတနာရှင်ပြည်သူများ၏ စုပေါင်းထည့်ဝင်လှူဒါန်း မှုဖြင့် တည်ဆောက်ခြင်းဖြစ်သည်။ အောက်ဆီဂျင်စက်ကို ယခုလ ကုန်တွင် နေ့စဉ် မောင်းနှင်လည်ပတ်သွားမည်ဖြစ်ပြီး တစ်နေ့လျှင် အောက်ဆီဂျင် လီတာ ၄၀ ဆံ့ အိုးအလုံးရေ ၉၀ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း တည်ဆောက်ရေးကော်မတီထံမှ သိရသည်။
အောက်ဆီဂျင်စက်ရုံတည်ဆောက်ရာတွင် အလှူငွေများလည်း ဆက်လက်လိုအပ်လျက်ရှိရာ လှူဒါန်းလိုသူများအနေဖြင့် ဦးဇော်မျိုး ဦး ဖုန်း ၀၉-၇၉၀၉၇၉၇၆၉၊ ဦးအောင်အောင် ဖုန်း ၀၉-၅၁၇၅၅၉၉ ဦးနေ ဖုန်း ၀၉-၄၂၂၅၂၂၄၄၄ နှင့် ဒေါ်မိပုံ့ ဖုန်း ၀၉-၅၀၅၇၂၀၀ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)