
ရန်ကုန် အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများ သည် ယနေ့နံနက် ၇ နာရီတွင် ရန်ကင်းမြို့နယ် (၈)ရပ်ကွက် နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင်ဝန်ထမ်း အိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံ နှင့် ငါး/ပုစွန် အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာ ဖြင့် အလွယ်တကူ ဝယ်ယူနိုင်ရန် ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည့် မရမ်းကုန်း မြို့နယ် အမှတ်(၃)ရပ်ကွက် အောင်သိဒ္ဓိချောင်း အတွင်း နုန်းများ ဆယ်ယူရှင်းလင်းနေမှုနှင့် အလျား ပေ ၂၀၀၊ အကျယ် ပေ ၉၀ ရှိ ရေထိန်းကန် တူးဖော်နေ မှုကိုလည်းကောင်း၊ အင်းစိန်မြို့နယ် ပြည်လမ်းပေါ်ရှိ စော်ဘွားကြီးကုန်းပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်း ၌ ကုန်တင်/ကုန်ချယာဉ်များ ပိတ်ဆို့မှုမရှိစေရေး လမ်းမြေပေါ် ကျူးကျော်ခင်းကျင်းမှုများကို ဖယ်ရှား ရှင်းလင်းရန်၊ ပွဲရုံဝင်းအတွင်း သန့်ရှင်းသာယာရေး အတွက် စွန့်ပစ်အမှိုက်များ စုပုံထားမှုနှင့် ရေစီး ရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ ကို ရှင်းလင်းရန် မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန် မြို့နယ် ရွာမအရှေ့ရပ်ကွက် သီရိမင်္ဂလာ မြောက်ဘက်အခြမ်းလမ်း အရှည်ပေ ၁၁၀၀၀၊ အကျယ် ရှစ်ပေ၊ ဒုကိုးလက်မရှိသော လမ်းတိုးချဲ့ ခင်းကျင်းနေမှုကို လည်းကောင်း၊ သီရိမင်္ဂလာ တောင်ဘက်အခြမ်းလမ်း အရှည်ပေ ၆၀၀၀၊ အကျယ် ရှစ်ပေ၊ ဒုကိုးလက်မရှိ လမ်းတိုးချဲ့ ခင်းကျင်းနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်