မြို့ပြနှင့်ကျေးလက်ဒေသများအကြား၊ တိုင်းဒေသကြီးများနှင့်ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက်ကျဉ်းမြောင်းစေရေး အလေးပေးဆောင်ရွက်လျက်ရှိ

နေပြည်တော်   အောက်တိုဘာ   ၁၉


2021 Global Rural Development Forum ကို ယနေ့တွင်   တရုတ်ပြည်သူ့သမ္မတနိုင်ငံ   The National Rural Revitalization Administration က အိမ်ရှင်အဖြစ်လက်ခံ၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ 


ဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဒုတိယဝန်ကြီး ချုပ် H.E. Hu Chunhua က အဖွင့်မိန့်ခွန်း ပြောကြား ပြီး ဥဇဘက်ကစ္စတန်နိုင်ငံမှ ဒုတိယဝန်ကြီးချုပ် H.E. Jamshid Kuchkarov၊ FAO  ညွှန်ကြားရေးမှူးချုပ် Dr. Qu Dongyu ၊ အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ  အမျိုးသားကျေးလက်ဖွံ့ဖြိုးရေးနှင့်    ပြန်လည် ဆန်းသစ်ရေးစီမံခန့်ခွဲမှုအဖွဲ့မှ Administrator တို့က  ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ မြှင့်တင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုတိုးတက်ရေး     ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားသည်။


ယင်းနောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး    ဦးလှမိုးက ဆွေးနွေးရာတွင် မြန်မာနိုင်ငံသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များပြည့်မီစေရေး ဆင်းရဲမှုလျှော့ချ ရေးလုပ်ငန်းစဉ်များချမှတ်၍ ကျေးလက်ဒေသဖွံ့ဖြိုး  ရေးလုပ်ငန်းများ  အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊    နိုင်ငံတော်အစိုးရအနေဖြင့် ဆင်းရဲနွမ်းပါးသူများနှင့်    ထိခိုက်လွယ်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို   အမြဲအလေး ထားကာ  မြို့ပြနှင့် ကျေးလက်ဒေသများအကြား၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များအကြား ဖွံ့ဖြိုးမှု  ကွာဟချက်ကျဉ်းမြောင်းစေရေး     အလေးပေး ဆောင်ရွက်လျက်ရှိပြီး  နိုင်ငံတော်ဖွံ့ဖြိုးရေးမဟာ ဗျူဟာတွင်လည်း စီးပွားရေးဟန်ချက်ညီညီ ဖွံ့ဖြိုး လာစေရေးနှင့်  ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများ အား အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးတို့ကို တစ်ပြိုင် နက်တည်း ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့်  ထိခိုက်ခဲ့သော မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးတို့ကို ပြန်လည် ကုစားနိုင်ရန်နှင့် ပြည်သူတစ်ရပ်လုံး၏ လူမှုအကျိုး စီးပွားရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိပြီး လုပ်သာကိုင်သာ  ရှိသော စီးပွားရေးဝန်းကျင်တစ်ရပ်ဖြစ်ပေါ်စေရေး အတွက် မြန်မာ့စီးပွားရေးပြန်လည်ဦးမော့စေရေး စီမံချက်  MERRP  ကို   ရေးဆွဲဆောင်ရွက်လျက် ရှိကြောင်း။ 


ကျေးလက်ဒေသအခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၊ ကျေးလက်အသက်မွေးဝမ်းကျောင်းနှင့် မိသားစု ဝင်ငွေမြင့်မားရေး၊ အသေးစား၊ အလတ်စားလုပ်ငန်း များဖွံ့ဖြိုးရေး၊   စိုက်ပျိုးရေးနှင့်   မွေးမြူရေးကဏ္ဍ  အခြေပြုသမဝါယမဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိက အလေးပေး အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊      စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် အဓိကမောင်းနှင်အားဖြစ်သည့် ကျေးလက်အမျိုး သမီးများနှင့် လူငယ်များ၏ အခန်းကဏ္ဍကိုလည်း  ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် လူထုအခြေပြုဖွံ့ဖြိုးရေးလုပ်ငန်း များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေး သည်။  


ထို့နောက် တက်ရောက်လာသော နိုင်ငံများမှ ဝန်ကြီးများ၊   ဒုတိယဝန်ကြီးများ၊    အဆင့်မြင့် ကိုယ်စားလှယ်ကြီးများနှင့် ကုလသမဂ္ဂအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များက ဆင်းရဲမှုလျှော့ချရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်  ဖွံ့ဖြိုးမှုပန်းတိုင်ရည်မှန်းချက်များ နှင့် ချိတ်ဆက်ဆောင်ရွက်နေမှု၊ အောင်မြင်မှုများ၊ အတွေ့အကြုံကောင်းများနှင့် ရှေ့ဆက်ဆောင်ရွက် မည့်အစီအစဉ်များကို ဆွေးနွေးပြောကြားကြသည်။  
ယင်းနောက် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမှုလျှော့ချ ရေးပူးပေါင်းဆောင်ရွက်မှုကဏ္ဍနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူနေမှုအဆင့်အတန်း ပတ်ဝန်းကျင် တိုးတက်ပြောင်းလဲရေးဆိုင်ရာကဏ္ဍတို့ကို  အုပ်စု များခွဲ၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။  


သတင်းစဉ်