
ရန်ကုန် အောက်တိုဘာ ၁၉
ရွှေတိဂုံစေတီတော် ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၃ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အကြို (အဖိတ်နေ့) ရွှေတိဂုံစေတီတော် မြတ်ကြီးအား ဆီမီး ၁၁၀၀၀ ထွန်းညှိပူဇော် ဆက်ကပ်ပွဲကို ယနေ့ညပိုင်းတွင် ရွှေတိဂုံ စေတီတော်ရင်ပြင်၌ ကျင်းပ သည်။
ထွန်းညှိပူဇော်
ဆီမီးပူဇော်ပွဲတွင် ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ဂေါပက ရုံးဝန်ထမ်းများက အများပြည်သူ များ လှူဒါန်းထားသည့် ဆီမီး ၁၁၀၀၀ ကို ရွှေတိဂုံစေတီတော် ရင်ပြင်ပတ်ပတ်လည်ရှိ ဆီမီးခုံ များ၌ ထွန်းညှိပူဇော်ဆက်ကပ် လှူဒါန်းကြသည်။
သတင်းနှင့် ဓာတ်ပုံ
ဇော်မင်းလတ်(MNA)