အာရှဖလား အမျိုးသမီးခြေစစ်ပွဲအဖြစ် မြန်မာနှင့် လက်ဘနွန် ယနေ့ကစားမည်

 

ရန်ကုန်   အောက်တိုဘာ   ၁၇


၂၀၂၂   အာရှဖလား   အမျိုးသမီး ခြေစစ်ပွဲမှ ကျန်ရှိနေသည့် အုပ်စု ပွဲစဉ်များကို အောက်တိုဘာ ၁၈  ရက်   (ယနေ့)  စတင်ကျင်းပမည် ဖြစ်ပြီး အုပ်စု (D) တွင်ပါဝင်နေ သည့်     မြန်မာအသင်းသည် လက်ဘနွန်အသင်းနှင့်     စတင် ကစားရမည်ဖြစ်သည်။

 


အုပ်စု    (D)     ပွဲစဉ်များကို ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ ပြုလုပ်မည်ဖြစ်ပြီး မြန်မာ၊ ယူအေ အီး၊ လက်ဘနွန်နှင့် ဂူအမ်အသင်း တို့ ပါဝင်နေသည်။ အုပ်စုပထမနေ့ အဖြစ် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် မြန်မာ အသင်းနှင့်  လက်ဘနွန်အသင်း၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ တွင် ယူအေအီးအသင်းနှင့် ဂူအမ် အသင်းတို့  ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။       ယင်းခြေစစ်ပွဲကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပလျက်ရှိပြီး အုပ်စုနှစ်ခုသာ ကျင်းပရန် ကျန်ရှိ တော့ခြင်းဖြစ်သည်။  အုပ်စု  (A) နှင့် (D) ပွဲစဉ်များကို အောက်တို ဘာ  ၁၈  ရက်မှ  ၂၄  ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု (A) တွင် တရုတ်    (တိုင်ပေ)၊     လာအိုနှင့် ဘာရိန်းအသင်းတို့  ပါဝင်နေကာ ဘာရိန်းနိုင်ငံ၌     ကျင်းပမည်ဖြစ် သည်။ ကျင်းပပြီးစီးခဲ့သည့် အုပ်စု ခြောက်ခုတွင် တောင်ကိုရီးယား၊ ဗီယက်နမ်၊  ထိုင်း၊  အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့်      အီရန်အသင်းတို့ ခြေစစ်ပွဲ    အောင်မြင်ထားသည်။ နောက်ဆုံးကျင်းပသည့် ၂၀၁၈ ပြိုင်ပွဲ    ချန်ပီယံ    ဂျပန်အသင်း၊ ဒုတိယဆုရ သြစတြေးလျအသင်း၊ တတိယဆုရ တရုတ်အသင်းတို့ အပါအဝင် အိမ်ရှင် အိန္ဒိယအသင်း တို့မှာ     ခြေစစ်ပွဲ   ယှဉ်ပြိုင်စရာ မလိုဘဲ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရထားသည်။

 


အုပ်စု (D) တွင် မြန်မာအသင်း က အုပ်စုပထမနေရာရရန် ရေပန်း အစားဆုံး      ဖြစ်နေသော်လည်း အုပ်စုပထမနေရာရ တစ်သင်းသာ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သော ကြောင့် ပွဲတိုင်းရလဒ်ကောင်းရန် လိုအပ်နေသည်။ 


ရဲရင့်လွင်