
နေပြည်တော် အောက်တိုဘာ ၁၅
စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင် များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများ စားရေးအဆင်ပြေ စေရေးအတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေးအထောက် အကူပြု ပစ္စည်းများကို ထောက်ပံ့လှူဒါန်း လျက်ရှိသည်။
ဂုဏ်ပြုထောက်ပံ့
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် မြိတ် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် ဆောင်ရွက် လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အတွက် ဂုဏ်ပြုထောက်ပံ့ငွေ များ၊ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကို မြိတ်မြို့ ပုလဲရတနာခန်းမ၌ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်း လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ထောက်ပံ့လှူဒါန်းကြရာ တာဝန် ရှိသူများက အသီးသီး လက်ခံ ယူကြပြီး မြိတ်ခရိုင် ဆေးရုံ အုပ်ကြီး ဒေါက်တာ သန္တာမျိုးဝင်း က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်