၂၀၂၁ ခုနှစ် အောက်တိုဘာလထုတ် သုတပဒေသာစာစောင် ထွက်ရှိ

 

၁၉၇၃ ခုနှစ်    ဇူလိုင်လမှ    စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော်  စာချစ်သူများ  လက်ခံအားပေး လာခဲ့သော  သုတပဒေသာစာစောင်ကို  မျက်နှာဖုံး ဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများ ပြုလုပ်ပြီး အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ်များကို   ဦးတည်ပရိသတ် အဖြစ်ထားကာ    လစဉ်ထုတ်ဝေလျက်ရှိပါသည်။ နိုင်ငံတကာထုတ်        စာအုပ်စာစောင်များမှ ကောင်းနိုးရာ      ခေတ်မီအကြောင်းအရာများနှင့် ယခုလအတွက်  အထူးပြုရေးသားသည့် “သိမှတ် စရာ   ရှေးဦးသူနာပြုစုခြင်းပညာ”    မျက်နှာဖုံး ဆောင်းပါးကြီးများ   ပါဝင်သော   သုတပဒေသာ စာစောင် (အောက်တိုဘာလ)ကို   ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန    စာပေဗိမာန်က  ဖြန့်ချိ လိုက်ပြီဖြစ်သည်။

 


၂၀၂၁ ခုနှစ်        အောက်တိုဘာလထုတ် သုတပဒေသာစာစောင်တွင်        ဒေါက်တာ ခင်မောင်ညို၊   ဆရာဝန် မင်းသိုက်၊   ဒေါက်တာ မြင့်သန်းထွန်း   (ပြည်သူ့ကျန်းမာရေး)    တို့၏  “သိမှတ်စရာ       ရှေးဦးသူနာပြုစုခြင်းပညာ” မျက်နှာဖုံးဆောင်းပါးများ၊     မောင်ပေါ်ထွန်း၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊  တွဲဖက် ပါမောက္ခ ဦးလွင်မြင့်တို့၏   အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာဆောင်းပါးများ၊  စောနိုင် (အသုံး ချဘောဂဗေဒ)၊ ဒေါက်တာ မြင့်သန်း  (ညောင်လေး ပင်)၊   အေးထွန်းမင်း၊     ခင်မောင်ခြိမ့်တို့၏ နိုင်ငံတကာဆိုင်ရာ   ဆောင်းပါးများ၊   အောင်မြတ် စည်သူ၊    ထီလာစိုးမြင့်ထယ်တို့၏   စီးပွားရေးနှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ         ဆောင်းပါးများ၊ ကြည်လွင်ဦး (ရေနံ) ၏       လူကုန်ကူးမှုဆိုင်ရာ ဆောင်းပါး၊   နေညိုယဉ်၊    ဒေါက်တာ မြင့်သန်း (သန္ဓေသား)၊  ချိုးငှက် (သံတွဲ)၊   ဝင်းထွဋ်ဦးတို့၏ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊     မြသိန်း၊ ရဲထက်ဇော်၊ ဒေါက်တာ ကောင်းစံတို့၏ သဘာဝ ပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာ    ဆောင်းပါးများ၊ ဦးဘသန်း (မဟာဝိဇ္ဇာ)၊  ကျော်ဝင်းဟိန်း (ပခုက္ကူ)၊ ဘူမိလုလင်၊    ဆောင်းဝင်းလတ်၊    ညီမော်သိမ်း၊ ဒေါက်တာ လွင်သန့်၊  မြတ်လေးမြင့်၊  စိန်ဝင်းမော်၊ မော် (သန်လျင်) တို့၏  ကဗျာ၊ ဟာသ၊ ဖြစ်ရပ်မှန်၊ ဝတ္တုတိုနှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း    သရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့်    စီစဉ် တင်ဆက်ထားသည်။

 


အဆိုပါ သုတပဒေသာစာစောင်ကို  တစ်အုပ် လျှင် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် စာပေဗိမာန် စာအုပ် အရောင်းဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊    အမှတ်    (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ် အရောင်းဆိုင်၊   ၈၆ လမ်း၊   ၂၁ လမ်းနှင့်  ၂၂ လမ်း ကြား၊ မန္တလေး၊ ဖုန်း ၀၂-၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊  မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့်    မြို့အသီးသီးရှိ   စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကား မှာယူလိုပါက စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊   ရန်ကုန်မြို့၊ ဖုန်း ၀၂-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ တို့သို့ ဆက်သွယ် မှာယူနိုင်ကြောင်း သတင်းရရှိသည်။  


သတင်းစဉ်