ဂျီ-၂၀ ဘဏ္ဍာရေးခေါင်းဆောင်များ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် ကတိပြု

 

ဝါရှင်တန် အောက်တိုဘာ  ၁၄ 


စက်မှုထိပ်သီးနိုင်ငံများ (ဂျီ-၂၀ ) နိုင်ငံ များမှ     ဘဏ္ဍာရေးခေါင်းဆောင်များ သည်  ကမ္ဘာ့စီးပွားရေးဦးမော့လာမှုကို  အန္တရာယ်ဖြစ်စေနိုင်သည့်    ငွေကြေး ဖောင်းပွမှုအပေါ်  စိုးရိမ်နေချိန်တွင်   ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း ကြောင့် ဖြစ်ပေါ်လာနိုင်သော ရိုက်ခတ်မှု များကိုလျှော့ချရန်  သဘောတူခဲ့ကြသည်။ 

 


ဘဏ္ဍာရေးဝန်ကြီးများနှင့်    ဗဟို ဘဏ်ဥက္ကဋ္ဌများသည် အောက်တိုဘာ ၁၃ ရက်က   ဝါရှင်တန်တွင်   ပြုလုပ် ခဲ့သည့်    အစည်းအဝေးပြီးနောက်     သတင်းတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ 

 


အဆိုပါ       ထုတ်ပြန်ချက်တွင် ဗဟိုဘဏ်များသည်    လက်ရှိ ငွေကြေး ဈေးကွက်များကို အနီးကပ်စောင့်ကြည့် လျက်ရှိပြီး လိုအပ်ပါက ငွေကြေးဖောင်းပွ မှုကို    လျှော့ချဖြတ်တောက်မည်ဖြစ်ကြောင်း    ဖော်ပြထားသည်။ 

 


ကမ္ဘာ့စီးပွားရေး  ပြန်လည်ဦးမော့ လာခြင်းသည်   စိတ်ချရသော  အနေ အထားဖြင့် ဆက်လက်တိုးတက်လျက် ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်   ဆက်လက် ဖော်ပြထားသည်။ 


သို့သော်လည်း        စီးပွားရေး ဆောင်ရွက်ချက်များသည် အန္တရာယ် များနှင့်    ရင်ဆိုင်နေရသည်ဟု ဆိုသည်။ 
                       

အင်န်အိတ်ချ်ကေ