
ဖေဖော်ဝါရီလ ၁ ရက်နေ့က သမ္မတဟောင်း ဦးဝင်းမြင့်ကို ကျန်းမာရေးအရ နုတ်ထွက်ခိုင်းတယ်ဆိုပြီး တရားရုံးတွင် သမ္မတဟောင်း ဦးဝင်းမြင့်၏ ထွက်ဆိုချက်နှင့် ပတ်သက်၍ သတင်းများပျံ့နှံ့နေမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုကဲ့သို့ ရှင်းလင်းပြောကြားထားပါသည်-
တရားရုံးမှာ ထွက်ဆိုတဲ့ တရားရုံးထွက်ဆိုချက် ဖြစ်ပါတယ်။ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးနဲ့ တာဝန်မှာလည်း လွတ်လပ်စွာ ထွက်ဆိုနိုင်ပါတယ်၊၊ ဒါနဲ့ပတ်သက်ပြီး သူ့ရဲ့ပြောဆိုချက် အကြောင်း အရာတွေနဲ့ ပတ်သက်ပြီး ဘာမှမဝေဖန်လိုပါဘူး။ ဒါကတော့ သူ့ရဲ့တရားရုံးမှာရှိတဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာလည်း မှတ်တမ်းမှတ်ရာတွေရှိပါတယ်။ နောက် ဒုတိယ အချက်ပြောလိုတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ အငြင်းပွားစရာရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၆၂ တို့၊ ၆၃ တို့မှာ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတို့သည် မည်သည့် လွှတ်တော်ကိုယ်စားလှယ်မျှ မဖြစ်စေရဆိုတဲ့ ဟာမျိုးတွေ၊ ဒါတွေရှိပါတယ်။ အဲဒီတုန်းက သမ္မတဟောင်း ဦးဝင်းမြင့်ကတော့ ရွေးကောက်ပွဲ ဝင်ပြီးတော့မှ အဲဒီချိန်မှာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတဲ့ အနေအထားလည်း ရှိတာပေါ့လေ။ ကျွန်တော် အဓိကပြောလိုတာက အဲဒါမဟုတ်ပါဘူး။ အဓိက ပြောလိုတာကတော့ ဥပမာပေးလိုတာက တော့ ကျွန်တော်တို့နိုင်ငံမှာ ၂၀၀၃ ခုနှစ်တုန်း ကလည်း နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တစ်ဦးကို ထိန်းသိမ်းစဉ်ကလည်း ဒါထင်မြင်ချက်တွေ၊ ကောလာဟလတွေ အမျိုးမျိုးပျံ့နှံ့ခဲ့တာပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာ Video မှတ်တမ်းလေး ထွက်လာတာရှိပါတယ်။ ကျွန်တော်တို့အားလုံး လည်း တွေ့ခဲ့၊ ကြည့်ခဲ့ရမှာ ဖြစ်ပါတယ်။ အခု ၂၀၂၁ ခုနှစ်ရှိနေပြီ။ ပိုမိုပြည့်စုံတဲ့ မှတ်တမ်းတွေ ရှိပါလိမ့် မယ်။ အချိန်တန်ရင်တော့ အဖြစ်အပျက်တွေ အဆက်အစပ်တွေကို အမှန်အတိုင်း တွေ့လာနိုင် လိမ့်မယ်လို့ ကျွန်တော်ပြောလိုပါတယ်။
သတင်းစဉ်