
နေပြည်တော် မတ် ၂၇
တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ ထောက်ပံ့သော COVID-19 ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဒုတိယအသုတ် ဆေးပစ္စည်းကိရိယာများ မတ် ၂၆ ရက်ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာ သည်။
အဆိုပါ ဆေးပစ္စည်းကိရိယာများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်း ထွန်းထံ လွှဲပြောင်းပေးအပ်သည်။
တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးအပ်သည့် ယခုအကြိမ် ဆေးပစ္စည်းကိရိယာများတွင် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ၅၀၀၀ ၊ N95 နှာခေါင်းစည်း ၅၀၀၀ နှင့် တစ်ခါသုံးနှာခေါင်းစည်း နှစ်သိန်းတို့ပါဝင်ပြီး စုစုပေါင်းတန်ချိန် ၂ ဒသမ ၄၅ တန် ရှိကြောင်း၊ ယခု အကြိမ်မတိုင်မီ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ COVID-19 ဗိုင်းရပ်စ်ပိုးဓာတ်ခွဲ စစ်ဆေးရေးကိရိယာ ၂၀၀၀ ကျော်နှင့် နှာခေါင်းစည်း စသည့်ဆေးပစ္စည်း ကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ လက်တွေ့ အခက်အခဲများနှင့် လိုအပ်ချက်များကို ပေါင်းစပ်သုံးသပ်၍ ယခုကဲ့သို့ အပူ ချိန်တိုင်းကိရိယာ စသည့်ဆေးပစ္စည်းကိရိယာများ ပို့ဆောင်သွားရန် စီစဉ် လျက်ရှိပြီး မကြာမီတွင် လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်